အရက်စက်ဆုံး ပြန်ပေးဆွဲသမားများ (အရက္စက္ဆံုး ျပန္ေပးဆြဲသမားမ်ား)

771 59 0
                                    

🌟အရက်စက်ဆုံး ပြန်ပေးဆွဲသမားများ 🌟

🌟အပိုင်း-၁

ကျွန်မတို့မှာ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ရှိပါတယ်..။

၂၀၁၁ ခုနှစ် ၉ လပိုင်း ၁၉ ရက်နေ့ မှာပေါ့..။

ကျွန်မရဲ့ သားလေး ဟုန်း ဆောက် ဒုံ (Hong Sok Dong) ဟာ အလုပ်ပိတ်ရက်ရှည် နားခွင့်ရလို့ ပျော်နေခဲ့တယ်..။

အလုပ်နဲ့ အမြဲပင်ပန်းတဲ့ သားလေး 'ဟုန်း' ဟာ ဖိလစ်ပိုင်နိုင်ငံကို အလည်သွားခဲ့ပါတယ်..။

သားထွက်သွားတော့ သားအသက် ၃၁ နှစ်..။

**************************************

ကိုရီးယားကထွက်သွားပြီး ၃ ရက်လောက်ကြာတော့ သားက ကျွန်မဆီဖုန်းဆက်တယ်..။

"အမေ...ကျွန်တော် ပြဿနာတက်နေပြီ..။ ကျွန်တော် မိန်းကလေးတစ်ယောက်နဲ့ အိပ်မိတယ်။ အဲဒီကောင်မလေးက အသက်မပြည့်သေးဘူး..။ ကျွန်တော် ထောင်ကျတော့မယ်ထင်တယ်.."

ကျွန်မ စိတ်ထဲ ထင့်သွားတယ်...။ သားရဲ့ လေသံက တစ်ခုခုကိုလိမ်နေတယ်ဆိုတာတကျွန်မ သူ့အမေမို့ သိလိုက်ပါတယ်..။

ကျွန်မ မသိချင်ယောင်ဆောင်လိုက်တယ်။

"သားရယ်..မိုက်လိုက်တာ..အခုတော့ဘယ်လိုလုပ်ကြမလဲ..?"

" အဲဒီကောင်မလေးဖက်က ငွေ သိန်းတရာတောင်းတယ်အမေ.."

"သားကြောင့် အမေ ပိုက်ဆံတွေ ကုန်တော့မယ်...သား တောင်းပန်ပါတယ်အမေ.."

"ဖြစ်လာမှတော့ သားရယ်.."

" အမေ.. .....

သားတောင်းပန်ပါတယ်..သားတောင်းပန်ပါတယ်.."

တောင်းပန်တယ်ပဲ ခဏ ခဏပြောနေသော သားလေးအား နားမလည်နိုင်အောင်ဖြစ်ရတယ်..။ သား ဒုက္ခရောက်နေတာ သေချာပြီ...။

အဲဒီနေ့က ဖုန်းပြောခဲ့တာဟာ သားကို ကျွန်မ နောက်ဆုံး စကားပြောခွင့် ရခဲ့တာပါပဲ..။

**************************************

ကျွန်မ သားရဲ့ ဘဏ်ထဲကို ရှိစုမဲ့စု ငွေသိန်းတရာလွှဲပေးလိုက်တယ်..။

ဒါပေမဲ့ ကျွန်မ မင်္သကာလို့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ တောင်ကိုးရီးယား သံရုံးကို အကြောင်းကြားထားခဲ့တယ်။

Koreaနိုင်ငံ၏မှုခင်းများ (Koreaနိုင်ငံ၏မှုခင်းများ) [Book-1]Where stories live. Discover now