ဆူဝန်နယ် ဖားလ်ဒါလ်တောင်ကုန်းပေါ်မှ ခေါင်းမပါသော အရိုးစု ကိုယ်လုံးကြီး

770 70 0
                                    

🌟ဆူဝန်နယ် ဖားလ်ဒါလ်တောင်ကုန်းပေါ်မှ ခေါင်းမပါသော အရိုးစု ကိုယ်လုံးကြီး 🌟

**************************************

🌟အပိုင်း-၁

ဆူဝန်- ဂယောင်ဂီဒို - တောင်ကိုရီးယား

(Suwon, Gyeonggi-do, South Korea )

ကျွန်မတို့ ညီအစ်မ တရုတ်ပြည်ကပါ...။

အဘိုး အဖွားတွေက ကိုရီးယားလူမျိုးတွေဆိုတော့ ကျွန်မတို့ ကိုရီးယား-တရုတ် လူမျိူးပေါ့.. ။

ကျွန်မတို့ ညီအစ်မ တရုတ်ပြည်မှာ အလုပ်လဲကောင်းကောင်းမရ မိသားစုကလဲ များတော့ တောင်ကိုရီးယားကို အလုပ်လုပ်ဖို့ လာခဲ့ကြပါတယ်။

ဆူဝမ်မြို့မှာရှိတဲ့ စူပါးမားကက် တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်..။

ကျွန်မတို့မှာ အခုတော့ တရားဝင် ဗီဇာမရှိတော့ပါဘူး...။ ဒါကြောင့် သဘောကောင်းတဲ့သူဌေးနဲ့ဆုံခွင့်ရရင် စွဲစွဲမြဲမြဲ အလုပ်ကြိုးစားလုပ်ရပါတယ်..။

**************************************

၂၀၁၂ ခုနှစ်ကပေါ့...။

ကျွန်မ ချစ်သူနဲ့ စတွေ့ခဲ့တာ..။

ဈေးဝယ်လာတဲ့ ဘာ့ခ် ချွန် ဘုံ ဆိုတဲ့လူကြီးပေါ့။

ပထမတော့ ကျွန်မ သူ့ကို ကိုရီးယားလူမျိုး အစစ်ထင်တာ...။ သူက အလုပ်လုပ်နေတဲ့ ကျွန်မကို တရုတ်လို နာမည်ဘယ်လိုခေါ်လဲ လာမေးတယ်...။

ဘာ့ခ် ချွန် ဘုံ ဆိုတဲ့လူကြီး ..အဲဒီနေ့ကစပြီး ကျွန်မကို ဖုန်းဆက်လိုက်... လက်ဆောင်ပေးလိုက်နဲ့ပေါ့....။ ကျွန်မ ဘာပြောပြာ ပျာပျာသလဲ လုပ်ပေးတတ်တယ်။

ကျွန်မ ကို ချစ်ခွင့်တောင်းတာလဲ ခဏခဏပဲ...။

" မမ ...ကျွန်မ ဘာ့ခ် ချွန် ဘုံ ကိုချစ်မိပြီထင်တယ်..."

**************************************

"ညီမရယ် သူများနိုင်ငံမှာ တရားမဝင်နေရတာ... ယောက်ျားသားအားကိုးစရာရှိတာတော့ကောင်းပါတယ်... တရုတ်ပြည်မှာ အိမ်ထောင်ရှိနေရင် ဘယ်လိုလုပ်မလဲ...စုံစမ်းဦး..."

သူ့ကိုသိတဲ့သူတွေ စုံစမ်းကြည့်တော့ တကယ့်လူပျိုကြီးတဲ့...။

Koreaနိုင်ငံ၏မှုခင်းများ (Koreaနိုင်ငံ၏မှုခင်းများ) [Book-1]Where stories live. Discover now