Chapter 13.5.1

14.4K 1.5K 76
                                    

သက်​​သေအ​ထောက်​အထားအသစ်​အ​တွေ ​ပေါ်လာတဲ့ အ​ခြေ​​အ​နေမှာ စုံ​ထောက်​​တွေဟာ သူတို့စု​ဆောင်းမိသမျှ သဲလွန်​စ​တွေကို အတူစု​ပေါင်းလိုက်​တယ်​...စုံစမ်းစစ်​​ဆေးခြင်းကို ပြန်​လည်​စတင်​လိုက်​ပြီး​နောက်​ သူတို့က ခံရသူ(ဒုက္ခသည်​)ကို ​မေးခွန်း​တွေထပ်​​မေးဖို့ ဆင့်​​ခေါ်ကြသည်​။

အစပိုင်းမှာ စကပ်​အနီ​ရောင်​ဝတ်​ထားတဲ့အမျိုးသမီးက သနားစရာဇာတ်​ရုပ်​​လေးကို ဆက်​လက်​ပြီးကပြ​နေခဲ့တယ်​...တရှုံ့ရှုံ့ငိုရင်း ကျိုးသခင်​​လေးရဲ့ယုတ်​မာမှု​တွေကို ​ဖော်​ပြ​နေခဲ့တယ်​...ဒီ​တော့ ရဲက ​ဆေးမှတ်​တမ်းထုတ်​ယူပြလာတဲ့အချိန်​မှာ​​ သူမ​ ​ကျောက်​ရုပ်​တစ်​ရုပ်​လို ​တောင့်​ခဲသွားသည်​။ သူမဘဝအ​ပေါ် ဒီဟာကမူတည်​​နေ​ပေမယ့်​ ကျိုးယွင်​ရှန့်​က ပန်း​သေလိမ့်​မယ်​လို့ သူမ,မ​မျှော်​လင့်​ထားဖူး...ဒါ​ဆို သူက ဘာကြောင့်​များ မိန်းမ​တွေအများကြီးနဲ့ ကစားခဲ့တာလဲ?

သူမ မုဒိမ်းအကျင့်​ခံခဲ့ရတာက သူမအလုပ်​ရှင်​ရဲ့ညွှန်​ကြားချက်​​ကြောင့်​မို့ သူမ​ရွေးချယ်​စရာမရှိခဲ့ဖူး...ဒါ​ပေမယ့်​ ဒါကလူထုကို အုံကြွသွား​စေခဲ့တယ်​။ ကျိုး​မေ​မေက ​ပိုက်​ဆံ​ပေးပြီး​ ကျေ​အေး​ပေးဖို့ သူမနဲ့သီးသန့်​လာ​ဆွေး​နွေးလိမ့်​မည်​ဟု အလုပ်​ရှင်​က သူမကို​ပြောခဲ့ပါ​သေးတယ်​...သူမ မြို့ကထွက်​သွားဖို့ ပိုက်​ဆံ​တွေကို ယူဖို့လိုအပ်​ပါတယ်​...အဲ့ဒီ​နောက်​မှာ​တော့ တရားရုံးက​နေပြီး ​နောက်​ဆုံး ​ငွေ​ပေး​လျော်​မှုကို ကြားလိုက်​ရပါ​တော့သည်​။

ဒါ​ပေမယ့်​ ကျိုး​မေ​မေက တခါမှသူမအိမ်​ကို မလာခဲ့ဖူး။ သူမက ပြင်းထန်​တဲ့ပြစ်​မှုကျူးလွန်​ခံရသူ ဖြစ်​ခဲ့​ပေမယ့်​လည်း ​​လျော်​​ကြေး​ငွေအ​နေနက် ​ဒေါ်လာ 50,000 ​ပေး​ချေမှုနဲ့သာ လတ်​မှတ်​ထိုးပြီးရခဲ့လိုက်​တယ်​...အဲ့​​နောက်​​လက်​ရှိမှာ​တော့ သူမဟာ အိမ်​နီးနားချင်း​တွေနဲ့ လုပ်​​ဖော်​ကိုင်​ဖက်​​တွေရဲ့ တီးတိုးလက်​ညိုးထိုးမှုကိုသာ ခံစား​နေရ​တော့တယ်​။ စိတ်​ပိုင်းဆိုင်​ရာဒဏ်​​​တွေက တစ်​​နေ့တစ်​ခြားကြီးထွားလာတယ်​...သူမရဲ့စိတ်​အ​ခြေအ​နေက အချိန်​မ​ရွေး​​ပေါက်​ကွဲခါနီး တဲတဲ​လေးသာရှိေ​တာ့တယ်​။

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now