White Tulips - 1

4.1K 301 14
                                    

Zawgyi

2018 May 3

Seoul မြို့နဲ့ တော်တော်ဝေးဝေးမှာ တည်ရှိတဲ့ Kkotji Beach မှာ ပြုလုပ်တဲ့ Taean Tulip Festival။ တစ်လသာသာ,သာ ကျင်းပသော Festival ဖြစ်ပြီး Top Five Tulip Festivals တွေထဲက တစ်ခုအဖြစ်ရွေးချယ်ခြင်းခံထားရသည်။

အနီ၊ အ၀ါ၊ အဖြူ ၊ ခရမ်း စတဲ့ Tulip ပန်းပေါင်းများစွာအပြင် foxglove (ခေါင်းလောင်းပုံပွင့်သောပန်း) ၊ Lily ၊ တခြားနွေဦးမှာပွင့်တဲ့ပန်းတွေကိုပါ တစ်စုတစ်စည်းတည်း လှလှပပမြင်တွေ့နိုင်သည်။

ထို့အပြင် တစ်ကမ္ဘာလုံးက အထင်ကရနေရာတစ်ချို့ဖြစ်တဲ့ Korea နိုင်ငံ၏ Namdaeum Gate ၊ ပြင်သစ်နိုင်ငံ၏ Eifel Tower စတာတွေကို ပန်းတွေဖြင့်ဖန်တီးထားသည်ကိုလည်း မြင်တွေ့နိုင်ပေသေးသည်။

ပန်းရောင်စုံများအကြား Camera တစ်လုံးဖြင့် လည်ပတ်နေကြသော နိုင်ငံခြားသားဧည့်သည်တွေ ၊ မိသားစုတွေ ၊ ချစ်သူစုံတွဲတွေ....အရာရာဟာ ကြည်နူးဖွယ်အတိ။

လာရောက်လည်ပတ်ကြသူများထဲမှ ချစ်သူစုံတွဲများထဲတွင် Yoongi လည်း အပါအ၀င်ဖြစ်သည်။

ဒီနေရာကို ချစ်ရသူနဲ့အတူလာနိုင်စေရေးအတွက် studio ထဲကမထွက်ဘဲ သီချင်းတွေမနားတမ်းရေးခဲ့ရသည်။

ဟုတ်သည်လေ...Song Composer တစ်ယောက်ဖြစ်တဲ့ Yoongi အတွက်တော့ သီချင်းရေးပြီး ရောင်းလို့ရမှသာ ပိုက်ဆံရမည်မလား။

ကျောင်းမှာအမြဲတမ်းပထမသာလိုချင်သော မိဘတွေရဲ့ဆန္ဒကြောင့် စာအုပ်နဲ့မျက်နှာမခွာဘဲနေနေရသော ကလေးအတွက် စိတ်အပန်းဖြေနိုင်ဖို့ရာ ဒီနေရာလေးကို သေချာပေါက်ခေါ်လာချင်ခဲ့သည်လေ။

ဘယ်လောက်ပင် မျက်စိတွေကျိန်းစပ်သည်အထိ သီချင်းတွေရေးပြီး
ပိုက်ဆံရှာကာလာခဲ့ရသည်ဆိုပေမဲ့လည်း Yoongi နောင်တမရပါ။

ကလေးက ပန်းတွေဆိုချစ်လွန်းတဲ့သူတစ်ဦး (အထူးသဖြင့် Tulip တွေ) ဖြစ်တဲ့အတွက် ဒီနေရာလေးဟာ ကလေးအတွက် အရမ်းကိုပျော်စရာကောင်းလွန်းမယ်လို့ ယုံကြည်နေသည့်အတွက်ပင်။

သူကိုယ်တိုင်လည်း စိတ်ထဲတွင်အရမ်းပျော်ရွှင်နေသည်။ အရောင်အသွေးစုံလင်လှတဲ့ ပန်းတွေကြောင့်လား... လတ်ဆတ်လွန်းတဲ့လေထဲက ပန်းရနံ့သင်းသင်းတွေကြောင့်လား...ပျော်ရွှင်စွာလည်ပတ်နေကြတဲ့ လူသားတွေကြောင့်လား...

White Tulips |Completed |Where stories live. Discover now