White Tulips- 6

1.2K 208 25
                                    

Zawgyi

Yongsan Station က​နေ မိနစ်​ ၃၀ ​လောက်​ Bus စီးလာခဲ့ပြီး 3 မိနစ်​​လောက်​ လမ်း​လျှောက်​လာခဲ့​တော့ မကျဉ်းမကျဉ်​လမ်းကြားတစ်​ခုထဲ​ရောက်​သွားတယ်​။ နည်းနည်း​ဟောင်း​နေပြီဖြစ်​တဲ့ အ​ဆောက်​အုံ​သေး​သေးကြီးကြီးတို့ကို ​ကျော်​လွန်​လာ​တော့ အုတ်​အဖြူ​ရောင်​​တွေနဲ့ တည်​​ဆောက်​ထားတဲ့ သုံးထပ်​တိုက်​​ဆိုင်​​လေးတစ်​ခု။ မိုးမချုပ်​​သေး​ပေမဲ့ ည​နေ ၅ နာရီ​လောက်​အချိန်​မို့ ဆိုင်​အတွင်းထဲမှာ ၀ါကျင့်​ကျင့်​မီး​ရောင်​တစ်​ချို့ထွန်းထားတာ​ကို​တော့ အပြင်​ဘက်​က​နေမြင်​​နေရသည်​။မီးဝါ၀ါနဲ့ဆိုင်းဘုတ်​အမည်း​ရောင်​တစ်​ခု​ရှေ့ ရပ်​ရင်း Yoongi မျက်​​တောင်​မခတ်​စတမ်းကြည့်​​နေမိသည်​။

က​လေးအရမ်းလာချင်​​နေခဲ့တဲ့​နေရာက ဒါလား?

ရင်​ထဲက အသံတိတ်​​ရေရွတ်​ပြီး ဆိုင်​နာမည်​ကို​တော့ အသံထွက်​​အောင်​ပင်​ ဖတ်​ကြည့်​လိုက်​မိသည်​။

kukka Flower bar & Coffee lab

'Hyung'

တစ်​ခုခုကိုပူဆာလိုဟန်​ရှိ​သော JungKook အသံကို ရိပ်​စားမိတာ​ကြောင့်​ သံစဉ်​တစ်​ချို့ကို ဖန်​တီး​နေတဲ့ keyboard ​ပေါ်က လက်​​တွေခဏရပ်​သွားရသည်​။

ဆုံလည်​ထိုင်​ခုံအား ​နောက်​လှည့်​လိုက်​ရင်း sofa ​ပေါ်​မှောက်​ရက်​သား ဖုန်းကြည့်​​နေတဲ့ JungKook ကို လှည့်​ကြည့်​လိုက်​မိသည်​။

'​ပြော'

လို့ သံ​ယောင်​လိုက်​​ပေး​တော့ ဟီးကနဲတစ်​ချက်​ရယ်​ပြရင်း ဖုန်းကိုမျက်​စိ​ရှေ့ထိုး​ပေးသည်​။

'အဲ့ကိုလိုက်​ပို့'

တစ်​ချက်​သာကြည့်​လိုက်​ပြီး လက်​​တွေကို keyboard ​ပေါ် တစ်​လှည့်​ပြန်​​ပြေးလွှား​စေလိုက်​တယ်​။သူက​တော့ ​ဘေးနားကလာရပ်​ရင်း ဂျီတိုက်​​နေ​လေရဲ့။

'သွားရ​အောင်​​နော်​လို့ hyung! ​နော်​ ​နော်​!'

က​လေး​လေးလိုပူ​ဆာ​နေတဲ့ JungKook ရဲ့ ​တောင်းဆိုမှုကို Yoongi မငြင်းဆန်​နိုင်​ပါ။

White Tulips |Completed |Where stories live. Discover now