White Tulips - 2

1.5K 240 20
                                    

Zawgyi

ည​​ရောက်​​စပြုလာပြီဖြစ်​တဲ့အတွက် ​နေလုံးနီနီက အထပ်​မြင့်​တိုက်​​တွေကြားထဲက​နေ တဖြည်းဖြည်း​ပျောက်​ကွယ်​​စပြု​နေ​လေပြီ​။ 
နန်း​တော်​သဖွယ်​ကြီးမားလှ​သော အိမ်​ကြီးတစ်​ခုရဲ့ အခန်းတစ်ခု​အတွင်းရှိ ​​​လိုက်​ကာစ​တွေက အလင်း​ရောင်​တစ်​စတစ်​​လေ​တောင်​အ၀င်​မခံနိုင်​သည့်​အလား ဆွဲပိတ်​ခြင်းခံထားရသည်​။ 

ပတ်​၀န်းကျင်​တွင်​ ​နေ​ရောင်​ကျဲတဲတဲကျန်​​နေ​သေး​သော်​လည်း ထိုအခန်းအတွင်းက​တော့ ​မှောင်​မည်းတိတ်​ဆိတ်​လျက်​။ သို့​သော်​ အ​သေအချာနား​ထောင်​ကြည့်​မယ်​ဆိုရင်​​တော့ ဆိုဖာတစ်​ခုအား ခပ်​​လျော့​လျော့မှီကာ ထိုင်​​နေ​သော​ကောင်​​လေးတစ်​​ယောက်​ရဲ့ ရှိုက်​သံသဲ့သဲ့နဲ့ ခပ်​တိုးတိုး​တောင်းပန်​စကား​တွေကို ကြားနိုင်​​ပေလိမ့်​မည်​။

ထို​ကောင်​​လေး​ဘေးနားမှာ​တော့ စာအုပ်​တစ်​အုပ်​စီက ဖြဲကာလုံး​ချေထားပုံရတဲ့ များစွာ​သော စာရွက်​အပိုင်းအစ​တွေ၊ ​အစိတ်​စိတ်​အမွှာမွှာ ကွဲ​ကြေ​နေ​သော ​ကြွေပန်းအိုးတစ်​လုံး​နှင့်​ ကြမ်းပြင်​​ပေါ်က အဖြူ​ရောင်​ Tulip သုံးပွင့်​က​တော့ ​နေရာယူလျက်​။

ပြန့်​ကျဲ​နေ​သောစာရွက်​ဖြူဖြူ​တွေကြားက ထို ​ကောင်​​လေးဆုပ်​ကိုင်​ထား​သောစာရွက်​​လေးကို ဖြန့်​ပြီးဖတ်​ကြည့်​မယ်​ဆိုရင်​​တော့.....

2015 March 28

ဒီ​နေ့လူတစ်​​ယောက်​နဲ့​တွေ့ခဲ့တယ်​။
အရူးလိုပဲ! မိုး​ရေထဲမှာထိုင်​​နေတာ။
အမြင်​မ​တော်​တာနဲ့ ထီးသွားမိုး​ပေးလိုက်​​တော့ ​မော့ကြည့်​လာတဲ့ ​အေးစက်​စက်​ မျက်​လုံး​​တွေ​။ ဒီတိုင်းမိုး​ရေထဲဆက်​​ထိုင်​​နေရင်​ တစ်​ခုခုဖြစ်​မှာဆိုးလို့​ပြောတာကိုလည်း မျက်​​မှောင်​တွေကျုံ့ပြီးကြည့်တယ်​​။နောက်​ဆုံး​တော့ မသိချင်​​ယောင်​​ဆောင်​ပြီးပဲလက်​ထဲထီးအတင်းထိုးထည့်​ရင်း အိမ်​ကိုအ​ပြေးပြန်​လာလိုက်​ရတယ်​။

White Tulips |Completed |Where stories live. Discover now