White Tulips - 3

1.3K 218 9
                                    

Zawgyi

မပြီးပြတ်သေးတဲ့သီချင်းကိစ္စတစ်ချို့ေို့​ကြောင့်​ ည ၁ နာရီ​လောက်​မှ အိပ်​​ပျော်​သွားခဲ့သည်​။ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေတဲ့အချိန်​ အိမ်​​ရှေ့တံခါးကို တဒုန်းဒုန်းထုသံ​ကြောင့်​ မျက်​လုံး​တွေမပွင့်​ချင်​ဘဲပွင့်​လာခဲ့ရသည်​။ ကုတင်​​ပေါ်မှာပဲရှိ​နေတဲ့ဖုန်းကို မမြင်​မစမ်းလက်​နဲ့စမ်းရင်းကြည့်​လိုက်​​တော့ 2:00 AM။

"ကျစ်​!ဒီအချိန်​ကြီး ဘယ်​သူလာလက်​သရမ်း​နေတာလဲ"

အိပ်​​ပျော်​​နေတဲ့အချိန်​ နိုး​အောင်​လုပ်​တာ​လောက်​ ​ဒေါသထွက်​တာမရှိ။ သူခိုး​တွေဓား​ပြ​တွေ​တောင်​မ​တွေး​နိုင်​ဘဲ စိတ်​တိုတိုနဲ့ အိမ်​​ရှေ့ထွက်​လာပြီး ​တံခါးဆွဲ​ဖွင့်​လိုက်​​တော့....မြင်​လိုက်​ရတဲ့မျက်​နှာ​ကြောင့်​ ခဏတာမှင်​သက်​သွားမိတယ်​။

"Hyung"

ပြုံးရင်းစိုက်​ကြည့်​​နေတဲ့ မျက်​လုံး​တွေကနီရဲ​နေကာ ပါး​ပေါ်ကပွန်းပဲ့ရာတစ်​ချို့နဲ့ နှုတ်​ခမ်းနားက ​ပေါက်​ပြဲဒဏ်​ရာ​တွေက​တော့ ​သွေးဆို့လို့။

ရုတ်​တရက်​ကြီး ဒီလိုပုံစံနဲ့မြင်​လိုက်​ရ​တော့ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိစွာ ​ငေးရင်းရပ်​​နေမိတယ်​။ သူက​တော့ ခပ်​ပြုံးပြုံးနဲ့​တောင်​ အခန်းထဲဝင်​သွား​သေး။

"JungKook! ဘာဖြစ်​လာတာလဲ? အဲ့ဒါဘာဖြစ်​လာတာလဲလို့!!"

ထူပူ​နေတဲ့စိတ်​​ကြောင့်​ အခန်းထဲဝင်​သွားတဲ့ JungKook ကို ​နောက်​​တောင်​လှည့်​မကြည့်​နိုင်​ဘဲ တံခါး​ရှေ့မှာတင်​​မေးလိုက်​မိတယ်​။ ​ဒေါသတကြီးနဲ့​အော်​​မေးလိုက်​တဲ့သူ့အသံက​တော့ တိတ်​ဆိတ်​​နေတဲ့ကွန်​ဒိုတစ်​ခုလုံးကို ဟိန်းထွက်​သွား​စေတယ်​။

"​ပြော! ဘာဖြစ်​လာတာလဲ!! ဒီအချိန်​ကြီး မင်းရန်​ဖြစ်​လာတာလား? ဟမ်​! ​ဖြေ​လေ JungKook!!"

စိတ်​ပူတာ​တွေ​ရော ​ဒေါသထွက်​တာ​တွေ​ရော​ပေါင်းကာ လက်​​ကောက်​၀တ်​က​နေဆွဲလှည့်​ပြီး ​မေး​တော့လည်း...

White Tulips |Completed |حيث تعيش القصص. اكتشف الآن