White Tulips - 4

1.2K 208 18
                                    

Zawgyi

"လမ်းခွဲ​ပေးခဲ့ပြီးပြီ​လေ! ​ကျေးဇူးပြုပြီး...hyung ကို​တော့ ဘာမှမလုပ်​ပါနဲ့! သား ​တောင်းပန်​ပါတယ်​...."

"​စေ့စပ်​မလား? ဒီနိုင်​ငံက အပြီးထွက်​သွားမလား? "

မယုံကြည်​နိုင်​ခြင်းများစွာနဲ့ အ​ဖေဖြစ်​သူကို JungKook ကြည့်​လိုက်​မိသည်​။သေမတတ်​​တောင်းပန်​​နေတာ​တောင်​ ဘာလို့များ...

"​ငါတို့သိက္ခာကို ဒီ​လောက်​ထိကျဆင်း​အောင်​လုပ်​ပြီးရင်​ ​တော်​​ရော​ပေါ့။ ​ရွေးချယ်​ပါ! မဟုတ်​ရင်​ မင်းအ​ကောင်​ဘာဖြစ်​သွားမလဲဆိုတာ ငါတို့အာမမခံဘူး"

နောက်​ဆုံး​တော့ အ​မေဖြစ်​သူကပါ ၀င်​ပါလာခဲ့သည်​။ ငယ်​ငယ်​တည်းက အစ်​ကိုဖြစ်​သူနဲ့ယှဉ်​ရင်​ မိဘ​မေတ္တာဆိုတာ မရခဲ့တဲ့အတွက်​ သူတို့ချ​ပေးတဲ့ပုံစံခွက်​အတိုင်းသာ​နေ​ပေးလိုက်​ရင်​ နည်းနည်း​လောက်​ဖြစ်​ဖြစ်​ ချစ်​လာကြမှာလို့​မျှော်​လင့်​ခဲ့ဖူးသည်​။ ​မျှော်​လင့်​ထားသလို မဖြစ်​လာခဲ့တဲ့အပြင်​ အရင်​ကထက်​​တောင်​ ဆိုးရွားလာခဲ့သည်​။ သူတို့အတွက်​​ သားတစ်​​ယောက်​ဟာ ဂုဏ်​သိက္ခာ​လောက်​​တောင်​ ​အ​ရေးမပါခဲ့ဘူးပဲ။

"ဟက်​"

ခြောက်​ကပ်​စွာ ရယ်​လိုက်​မိသည်​။ ထွက်​လာတဲ့ အသံ​ကလည်း ​အေးစက်​​နေခဲ့သည်​။

"တစ်​ခုမှမ​ရွေးဘူးဆိုရင်​​ရော"

အဲ့ဒီ​အေးစက်​စက်​အသံ​နောက်​မှာ တစ်​​ယောက်​​ယောက်​ကို အဆုံးအရှုံးမခံနိုင်​တဲ့ ​ကြောက်​ရွံ့မှုတစ်​ခုက​ပ်​ပါ​နေတာ​တော့ သူကိုယ်​တိုင်​သာသိသည်​။

တစ်​ခဏအတွင်း ကြမ်းပြင်​​ပေါ်ကို ကျလာတဲ့ ဓာတ်​ပုံ​တွေ။ hyung နဲ့သူရဲ့ ဓာတ်​ပုံ​တွေ....

"ဒီပုံ​တွေကို media ​ပေါ်ဖြန့်​လိုက်​ရင်​ မင်းအ​ကောင်​ဘ၀ဘာဖြစ်​သွားမယ်​ထင်​လဲ? နာမည်​ရ​နေတဲ့ Composer တစ်​​ယောက်​က gay ဆိုပြီး သူတို့အသိုင်းအ၀ိုင်းမှာ​ရော သူ့အလုပ်​မှာ​ရော ဘာဖြစ်​သွားမယ်​ထင်​လဲ! ပြီး​တော့ ဒါ​တွေပြန့်​သွားလို့ မင်းကငါတို့သားမှန်းသိသွားရင်​လည်း အ​မွေဖြတ်​စွန့်​လွှတ်​လိုက်​လို့ရတယ်​။ ငါတို့မှာ သားကြီးတစ်​​ယောက်​ပဲရှိရင်​ကိုဖြစ်​တယ်​"

White Tulips |Completed |Where stories live. Discover now