White Tulips - 7 (Ending)

2.1K 235 28
                                    

"ကျွန်​​တော်​ လက်​မထပ်​နိုင်​ဘူး"

"ဘာ!"

သူ့ရဲ့အငြင်းစကားမှာ ​အ​ဖေ့ရဲ့အသံက ကျယ်​​လောင်​စွာထွက်​​ပေါ်လာတယ်​။

"​ကျွန်​​တော်​အဲ့မိန်းက​လေးကို လက်​မထပ်​နိုင်​ဘူး"

"​စေ့စပ်​တဲ့ကိစ္စပါ လူသိရှင်​ကြား​ကြေညာပြီးတာကို ​လက်​မထပ်​လို့ဖြစ်​မလား Jeon Jung Kook!"

"ကျွန်​​တော်​တို့သ​ဘောတူညီမှုထဲမှာ လက်​ထပ်​ရမယ်​လို့မပါဘူးထင်​တယ်​"

ခပ်​စူးစူးစိုက်​ကြည့်​လာတဲ့အ​မေ။

"ငါတို့စီစဉ်​ထားပြီးသားကိစ္စကို မင်းဖျက်​စရာဘာအ​ကြောင်းမှမရှိဘူး။
အေး ဖျက်​ရင်​လည်း Min Yoongi ဘာဖြစ်​မလဲ​ဆိုတာသာ​စောင့်​ကြည့်​​နေ"

ပြတ်​သား​နေတဲ့အ​ဖေ့​လေသံကြား သူလက်​သီးကိုကျပ်​ကျပ်​ပါ​အောင်​ဆုပ်​လိုက်​မိတယ်​။

"ကျွန်​​တော်​က Min Yoongi ကို အဆုံးထိကာကွယ်​မှာမို့ အ​ဖေတို့ သူ့ကို လက်​ ဖျား နဲ့ ​တောင်​ ထိ ခွင့်​ မ ရှိ ဘူး။"

"ပြီး​တော့ စွန့်​ပစ်​ချင်​လည်းစွန့်​ပစ်​လိုက်​လို့ရတယ်​။
ကျွန်​​တော်​ Hyung ကိုပဲ ​ရွေးချယ်​ဖို့ ဆုံးဖြတ်​ပြီးပြီ။"

ဒါ Hyung နဲ့ ​နောက်​ဆုံးတစ်​​ခေါက်​ မထင်​မှတ်​ဘဲ​တွေ့လိုက်​တည်းက သူဆုံးဖြတ်​လိုက်​တာ။ သူ့ဘက်​ကအရာအားလုံးဆုံးရှုံးလိုက်​ရ​ရင်​​တောင်​ Hyung တစ်​​ယောက်​ပဲ ရှိရင်​ဖြစ်​တယ်​။ အဲ့ဒါ​ကြောင့်​ သူ့ဆုံးဖြတ်​ကို ဘယ်​​တော့မှပြင်​မှာမဟုတ်​ဘူး။

"အဲ့ဒါဆို ကျွန်​​တော်​ကို ခွင့်​ပြုပါဦး"

ခပ်​ကြမ်းကြမ်း​ဆောင့်​ပိတ်​လိုက်​တဲ့ စာကြည့်​ခန်းရဲ့တံခါးသံ​နောက်​မှာ အ​ဖေ့ရဲ့ ​တောက်​​ခေါက်​သံနဲ့ အ​မေဖြစ်​သူရဲ့ "​မွေးရကျိုးမနပ်​တဲ့အ​ကောင်​" ဆိုတဲ့ စကားသံ​​တွေ ကျန်​ခဲ့တယ်​။

ကျွန်​​တော်​အကုန်​လုံးကိုထားပစ်​ခဲ့ပြီး
Hyung ဆီကို လာခဲ့မှာမို့ ၊
Hyung ကို ကာကွယ်​မှာမို့ 
ကျေးဇူးပြုပြီး ​စောင့်​​နေ​ပေးပါ။

You've reached the end of published parts.

⏰ Last updated: Oct 20, 2019 ⏰

Add this story to your Library to get notified about new parts!

White Tulips |Completed |Where stories live. Discover now