Part 1

1.3K 101 0
                                    

တီ..တီ..တီ..
မနက် 7 နာရီထိုးပြီဖြစ်တာကြောင့်ထွက်
ပေါ်လာသောနိုးစက်သံအားပိတ်ကာမထချင်
ထချင်ဖြင့်အိပ်ရာမှထလိုက်ရသည်။

ပျင်းရိစွာမျက်နှာသစ်နေသောသူတံခါးခေါက်သံကြောင့်အခန်းတံခါးအားဖွင့်ပေးလိုက်ရာ
အခန်းရှေ့၌ရပ်နေသော အိမ်တော်
ထိန်း ကိုတွေ့လိုက်ရသည်။

'ဘာကိစ္စရှိလို့လဲ အိမ်တော်ထိန်းကြီး'

'သခင်လေးရဲ့ မွေးစားအစ်ကို ကိုးရီးယားကို
ပြန်လာနေပြီတဲ့'

အိမ်တော်ထိန်းကြီးရဲ့စကားကြောင့်သူ
ဝမ်းသာမိသွားသည်။သူကိုးနှစ်
အရွယ်ထဲက သူ့ကိုမိဘမဲ့ကျောင်းမှ ခေါ်လာပြီး ယခုနေထိုင်သော အိမ်တော်မှာ
ထားကာ နိုင်ငံခြားထွက်သွားသောအစ်ကို
10 နှစ်အကြာ သူအသက် 20 ပြည့်ခါနီးမှာ
ပြန်လာတော့မည်။မမြင်ဖူးတာကြာတော့ ရုပ်တောင်မမှတ်မိတော့ သူ့ထက် 8  နှစ်ကြီးမှန်းသာသိရသည်မွေးနေ့တိုင်းတော့
လက်ဆောင် ပို့ပေးတတ်သည်။
ဒါပေမဲ့ သူအထက်တန်းအောင်တော့
အိမ်တော်ထိန်းကြီးမှတစ်ဆင့် ပေးခိုင်းသော
အစ်ကိုလေးရဲ့ နာမည်နဲ့ဆွဲကြိုးလေးကိုတော့
သဘောအကျဆုံးဖြစ်သည်။

'ကျွန်တော့ရဲ့ ကျေးဇူးရှင် ကိုကို ပြန်လာတော့ မှာပေါ့ ကျွန်တော်လဲ ငယ်တုန်းက တစ်ခေါက်ဘဲ မြင်ဖူးတာ မြင်ရင်မှတ်မိမှာတောင်မဟုတ်ဘူး
ကျွန်တော့်ကိုကိုက ချောတယ်မလား
အိမ်တော်ထိန်းကြီး'

ဖြူစင်စွာပြောနေသော သခင်လေးအား
ကြည့်ကာ သက်ပြင်းတစ်ချက်သာ ချလိုက်
မိသည်။သခင်လေးက ကျေးဇူးရှင်လို့
သတ်မှတ်ထားတာကိုး။အစ်ကိုလေးက
သခင်လေးကိုဘာကြောင့်မွေးစားတယ်ဆိုတဲ့
အမှန်တရား သခင်လေးမှမသိဘဲ
မသိတာဘဲကောင်းပါတယ်လေ။
အတွေးများကိုရပ်ကာ

'ချောတာပေါ့သခင်လေးရဲ့ သခင်လေးရဲ့ အစ်ကိုဘဲဟာ ချောတာပေါ့
ဒီနေ့ကျောင်းသွားရမှာမလား
ကျွန်တော်မနက်စာအသင့်ပြင်ထားလိုက်
တော့မယ်'

'အိမ်တော်ထိန်းကြီးကတော့
မြောက်ပြန်ပြီ ဒါနဲ့ ကျွန်တော်သွားကြိုပေးစရာလိုသေးလား'

'မလိုဘူးသခင်လေး အစ်ကိုလေးက
ကြိုဖို့လူခေါ်ထားပြီးသား'

Infatuated(Hiatus)Where stories live. Discover now