Part 2

739 87 0
                                    

Jimin လေး
ကိုယ်ချစ်ရတဲ့ Jimin လေး
အမှားတွေကို ပေးဆပ်ဖို့ ကလေးလေးကို
မွေးစားခဲ့ပေမဲ့ ကိုယ်တကယ်ချစ်မိသွား
အောင် ဘယ်လိုများပြုစားလိုက်ပါလိမ့်
ကိုယ့်ကိုခေါ်တာကလည်း ကိုကိုတဲ့
ရင်ထဲမှာ ကလိကလိနဲ့

စိတ်ထိန်းပါဦး Jeon Jungkook ရယ်

'ကိုယ့်ညီလေးက ထွားလာသားဘဲ'

အရှေ့မှာမတ်တပ်ရပ်ကာ
မျက်လုံးပိတ်အောင်ပြုံးပြပြီး
မိတ်ဆက်နေသော
ထိုကလေလေးရဲ့လက်ကိုဆွဲပြီး
ဘေးမှာဝင်ထိုင်စေလိုက်သည်။
လက်ကလေးတွေကသေးလိုက်တာ

သူ့လက်ကိုကိုင်ကာပြုံးနေသော
ကျွန်တော့ကိုကြည့်ပြီး အံ့သြနေသယောင်

'ကိုကို ကျွန်တော့်လက်ကိုကြည့်ပြီး
ဘာတွေပြုံးနေတာလဲ'

'ဟင် သြော်
ဘာမှမဟုတ်ပါဘူး'

သူပြောလာမှ ကိုယ့်မှာအယောင်ယောင်
အမှားမှား
အကြီးကိုရှက်အောင်လုပ်တယ်

'Jimin လေး ပင်ပန်းနေပြီထင်တယ်
အပေါ်တက်နားတော့လေ'

'ဟုတ် ကိုကို
ကိုကိုလည်းနားလိုက်ပါဦး
ခရီးက ပြန်လာတာဆိုတော့
ပင်ပန်းနေမယ်
ပြီးတော့
ကျွန်တော့ကို ဒီလို ကောင်းကောင်း
မွန်မွန်ကြီးပြင်းလာအောင်
မွေးစားပေးခဲ့တဲ့အတွက် ကျွန်တော်
ပြောမပြတတ်အောင်
ကျေးဇူးတင်ပါတယ် ကိုကို'

ခေါင်းကို ငုံ့ကာကျေးဇူးတင်စကား
ပြောနေသော ကလေးလေး၏ ခေါင်းကို
ခပ်ဖွဖွလေးပုတ်ကာ ခပ်တိုးတိုး
ပြောလိုက်မိသည်။

'ကိုယ်က ကျေးဇူးတင်ရမဲ့သူပါ
ကလေး'

______

'ဘာ'

မနက်စာစားနေစဉ် ကျွန်တော့်ရဲ့ဒေါသဖြင့် အော်လိုက်သံကြောင့် အရှေ့တည့်တည့်တွင် ထမင်းကို ငုံ့စားနေရာမှ မော့ကြည့်လာသော
ကလေးလေး
အခုလိုလေး ထမင်းလက်ဆုံစားနေတာကို
အနှောက်အယှက်တွေသိပ်ဝင်တာဘဲ

'ပြောစမ်း ငါသိပ်လိုချင်နေတဲ့
အဲ့ဒီမြေကွက်ကို ဘယ်သူက
ဝယ်သွားတယ်ဆိုတာ'

'Min Group ကပါ'

ဖုန်းထဲမှ ဖြေသံကြောင့်
ပိုတိုးလို့ ဒေါသထွက်သွားရသည်။
Min Group
ငါသိပ်လိုချင်ပါတယ်ပြောထားတဲ့
မြေကွက်ကို ဝယ်သွားတယ်
ဥက္ကဌ Jeon အကြောင်းမသိသေးဘူး
ထင်တယ်

Infatuated(Hiatus)Onde histórias criam vida. Descubra agora