Part 6

500 89 16
                                    

ကော်ဖီဆိုင်ထဲမှထွက်လာသော Jimin ကို
မြင်လိုက်သဖြင့် Jungkook ကားတံခါးကို
ဖွင့်ပေးကာ အသင့်စောင့်ထားလိုက်သည်။

စိတ်ရှုပ်နေသော မျက်နှာလေးနဲ့
ကားပေါ်တက်ထိုင်လာသော Jimin ကို
Jungkook ငေးကြည့်နေမိသည်။

ထိုကလေးလေး မျက်နှာတစ်ချက်ညိုးနေရင်
မနေတတ်တဲ့သူမို့စကားစလိုက်သည်။

'ကလေးလေး ဘာဖြစ်လာတာလဲ
ဘာစိတ်အနှောင့်အယှက်ဖြစ်စရာရှိလို့လဲ
ခြေထောက်ကအရမ်းနာနေလို့လား'

တရစပ်မေးလာသော Jungkook ရဲ့
စကားတွေကြောင့် Jimin ရဲ့နှုတ်ခမ်းက
အလိုလိုကော့ညွတ်နေမိပြီးသား

အရမ်းဂရုစိုက်တတ်တဲ့ကိုကို

'ဒီကလေး ဘာလို့ပြုံးတာလဲဟ
လူကြီးကို လှောင်တာလား'

ပြုံးကာပြောရင်း ဆံပင်တွေကို
ခပ်ဖွဖွလေး ဖွကာ စနေတဲ့ jungkook

'ဘာမှမဖြစ်ပါဘူး ကိုကိုရယ်
ကိုကို့အတွက်ကော်ဖီဝယ်ပေးရင်း
လူတစ်ယောက်နဲ့တိုက်မိသွားလို့'

အနည်းအကျဉ်းသာပြောပြလိုက်သည်။
အံ့သြစရာထိုလူအကြောင်းတော့
မပြောလိုက်မိ

ထိုလူအကြောင်းစဉ်းစားမိတော့
နှုတ်ခမ်းက အနည်းငယ်ပြုံးမိသွားသည်။
ကိုကို မေးလာမှာစိုးတာကြောင့်
ကားပြူတင်းပေါက်ဘက်ကိုသာ
လှည့်လိုက်သည်။
ဘာစိုးရိမ်စရာပါလို့ စိုးရိမ်နေတာလဲ Jimin

ကော်ဖီခွက်နှင့်တိုက်မိတဲ့အကြောင်းပြောတာ
ဘာပြုံးစရာပါလို့လဲ
Jungkook စိတ်ထဲနေလို့မကောင်းစွာ

အတွေးတွေ သိပ်များတာဘဲ Jungkook

ငါမဟုတ်ဘဲ ဒီကလေးရဲ့ နှုတ်ခမ်းမှာ
ဘယ်သူကအပြုံးတွေကို
ပုံဖော်လိုက်တာလဲ.....

Jungkook အတွေးကို ရပ်ကာ
ကားကိုသာ ဂရုတစိုက်မောင်းနေလိုက်သည်။

လမ်းတစ်ဝက်ရောက်မှ ထိုကလေးကို
ပြန်ကြည့်မိတော့ ခါးပတ်ပတ်မထား

'ကလေးလေး ခါးပတ်ပတ်ထားလေ'

အင်း ဟူ၍ အိပ်ချင်မူးတူးဖြေကာ
ခါးပတ်ပတ်သွားတဲ့ Jimin ဆိုတဲ့
ချစ်စရာကောင်းလွန်းတဲ့ ကလေးကြောင့်
Jungkook ပါးစပ်ပိတ်မရစွာ

Infatuated(Hiatus)Where stories live. Discover now