Part 3

539 83 0
                                    

ကလေးလေးရဲ့ ခေါင်းလေးကို နမ်းနေရာမှ
ခနကြာတော့ ခွာလိုက်သည်။အခုတော့
ကလေးလေး နေသားကြသွားပြီနေမှာ

ပထမဆုံးသူလေးရဲ့ခေါင်းကို
စနမ်းတုန်းက ဒီလိုမဟုတ်

မှတ်မိသေးတယ်
ကလေးလေးက ကျောင်းနောက်ကျနေပြီမို့
ခေါင်းတောင်မဖြီးဘဲ အလောတကြီး
ပြေးဆင်းလာပြီး မနက်စာလာစားတာ

ခပ်ဖွာဖွာလေးဖြစ်အောင်ကောက်ထားတဲ့
ဆံပင်လေးက မဖြီးထားတာကြောင့်
ပိုပြီးဖွာနေသယောင်

မနက်စာကို အလောတကြီး
ပလုတ်ပလောင်းစားနေပုံကလည်း
အသည်းယားစရာ

မနေနိုင်တဲ့အဆုံး ကျွန်တော် စားပွဲထိပ်မှာ
ထိုင်နေရာမှ ထပြီး ကလေးလေးရဲ့ဆံပင်ကို
သပ်သပ်ရပ်ရပ်ဖြစ်အောင် လက်လေးနဲ့
သပ်ပေးလိုက်သည်။

ထိုစဉ် နှာခေါင်းထဲဝင်လာသည်က
ကလေးလေးသုံးနေကျ shampoo နံ့
သင်းသင်းလေး
ဘယ်ရမလဲ Jeon Jungkook ဘဲ
သူ့ခေါင်းလေးကို ငုံ့ပြီးနမ်းလိုက်တာပေါ့

'ကိုကို ကျွန်တော့်ခေါင်းကို
ဘာလို့နမ်းတာလဲ
ခေါင်းမလျှော်ရသေးပါဘူးဆို'

ဟူ၍ ပါးစပ်မှာလဲ ထမင်းအပြည့်နဲ့
ဆူပုတ်စွာပြောလာသော
ထိုချစ်စဖွယ် အကောင်ပေါက်လေးကို
လျစ်လျူရှုပြီး နေရာမှာခပ်တည်တည်
ဝင်ထိုင်လိုက်သည်။ပြီးမှ

'ကိုကို အလုပ်သွားဖို့ အားရှိအောင်လို့'

ဟုသာပြောပြီး မနက်စာ စားနေလိုက်သည်။

'ကျွန်တော့်ခေါင်းကို နမ်းတာကိုကိုနော်
ပြီးမှ ခေါင်းနံတယ်လေး ဘာလေးဆိုပြီး
ပြဿနာလာမရှာနဲ့'

ပလုတ်ပလောင်းစားရင်း
ပြောလာသော ထိုကလေးရဲ့
စကားကြောင့် စားနေတဲ့ထမင်းတောင်
နင်တင်တင်
ခင်ဗျားလေးကို မနိုင်ဘူး။

'ကိုကို
ကိုကိုလို့'

ကျွန်တော့်ခေါင်းကိုနမ်းပြီးပြုံးစိစိနဲ့
ကျွန်တော့်ရဲ့ ရှေ့မှာရပ်နေတဲ့
ကိုကို Jungkook

အော်မကြား ခေါ်မကြားနဲ့
ဘယ်က မိန်းကလေးတွေအကြောင်း
တွေးနေပြန်ပြီလဲမသိ

Infatuated(Hiatus)Where stories live. Discover now