Part 7

666 90 25
                                    

Screen တစ်ချက်လင်းသွားကာ
ပြန်ပိတ်သွားသောဖုန်းက message
ရောက်နေကြောင်းအသိပေးသည်။

'ကောင်လေး အိမ်ပြန်ရောက်နေပြီလား'

Canteen မှာ မုန့်လိုက်ကျွေးသည့်နေ့က
ခပ်တည်တည်နဲ့ ကျွန်တော့်ရဲ့
ဖုန်းနံပါတ်ကို ညာတောင်းသွားသည့်
ထိုလူကြီးသည် နေ့စဉ်
မနက်တစ်မျိုး ညနေတစ်ဖုံဖြင့်
စာပို့နေသည်မှာ မရေနိုင်မတွက်နိုင်

ည ညဆိုလည်း မထင်ရင်
မထင်သလို ဖုန်းဆက်တတ်တာကြောင့်
လန့်နေရသည်။

ကိုကိုကြားသွားရင် ဘယ်လိုလုပ်မလဲ
ကိုကို အိပ်နေတုန်း ဖုန်းသံကြောင့်
ကိုကို အနှောင့်အယှက် ဖြစ်မှာ
မလိုလားပေ

ကိုကို့ကို အိပ်ရေးမပျက်စေချင်တဲ့
ဆန္ဒကြောင့်ဖြစ်မှာပါ

ကိုကို့ရဲ့အခန်းက ကျွန်တော့်အခန်းရဲ့
မျက်စောင်းထိုးတွင်ရှိတာကြောင့်
ဖုန်းသံကိုကြားသွားနိုင်သည်။

ကိုကို့အခန်း
အိမ်တော်ကြီးတစ်ခုလုံးတွင် ကျွန်တော်တစ်ခါမှမရောက်ဖူးသေးသော
နေရာ အမြဲသော့ခတ်ထားတာ ကိုကိုက

ဟွန့် သူ့ကောင်မလေးပုံတွေ
ကပ်ထားတာနေမှာပေါ့

'ရောက်ပြီ Hyung'

Yoongi hyung ထံမှ message ကို
Reply ပြန်ကာ ညနေစာစားရန်
ထမင်းစားခန်းထဲသို့ဆင်းခဲ့လိုက်သည်။

ပျောက်နေပြီအထင်နှင့် ပတ်တီးဖြေထားသော
ခြေထောက်မှ ဒဏ်ရာမှာ ညနေက
ဆတ်ဆော့၍ junior များနှင့်
ဘတ်စကတ်ဘော ဝင်ဆော့ထားရာ
အနည်းငယ်ပြန်၍ နာနေသဖြင့်
လှေကားဆင်းရသည်မှာသိပ်အဆင်မပြေလှ

လှေကားပေါ်မှ ထမင်းစားခန်းထဲသို့
လှမ်းမြင်နေရတာကြောင့်
ကိုကို ကျွန်တော့ကို ထမင်းဝိုင်းမှာ
ညနေစာစားရန် စောင့်နေကြောင်း
သိလိုက်ရ၍ အစိုးမရသော နှုတ်ခမ်းက
တောက်ပသော အပြုံးတစ်ပွင့်ကို
ဖန်တီးလိုက်သည်။

ကျွန်တော်ဘယ်လောက်နောက်ကျကျ
မနက်စာကို ကျွန်တော်နဲ့ အတူတူ
စားတတ်တဲ့ကိုကို ညနေဆိုလျှင်လဲ
မအားသည့်ကြားက အတတ်နိုင်ဆုံး
အိမ်တော်အရောက်ပြန်လာကာ
ကျွန်တော်နဲ့အတူတူ ထမင်းလက်ဆုံစားသည်။

Infatuated(Hiatus)حيث تعيش القصص. اكتشف الآن