Part 4

471 74 0
                                    

ပြာပြာသလဲဖြင့် ကျွန်တော့်ကို
မီးဖိုခန်းထဲမှ ကျွန်တော့်ရဲ့ အိပ်ခန်းထဲထိ
ရောက်အောင် ပွေ့ချီခဲ့ကာ
မွေ့ရာပေါ်၌ အသာလေးချပေးပြီး
ထိုင်စေသည်။

ကိုကိုက ကျွန်တော့်ကို
အရမ်းဂရုစိုက်တာဘဲ

ထို့နောက်အလွန်စိတ်ပူနေသော
မျက်နှာထားဖြင့် ဖန်ကွဲစူးထားသော
ကျွန်တော့်ရဲ့ ခြေထောက်ကိုကိုင်ကာ
maid များကို လှမ်းအော်နေသော
Jungkook

'အိမ်တော်ထိန်းကြီး
maid တစ်ယောက်ယောက်ကို
ရေခပ်နွေးနွေး ဇလုံ တစ်ခုယူခိုင်းခဲ့ဦး
ပြီးတော့ ဆေးသေတ္တာ ပါယူခိုင်းခဲ့'

'ကလေးလေး ဆေးခန်းသွားမလား
Family Doctor ခေါ်လိုက်ရမလား'

ကျွန်တော့်ကိုမေးလည်းမေး
အိမ်တော်ထိန်းအား လှမ်း၍
အော်ကာမှာကြားနေသော
Jungkook အားငေးကြည့်နေမိသည်။
သူဒဏ်ရာရတာလား ကျွန်တော်ဒဏ်ရာရတာလားပင်
မသဲကွဲတော့

'အ .. ရပြီ ကိုကို မခေါ်နဲ့တော့
ဆေးထည့်ပြီး ပတ်တီးစည်းလိုက်ရင်ရပြီ'

ဟင်  မျက်ရည်တွေလား ကိုကို့မျက်လုံးထဲမှာလေ

'အစ်ကိုလေး
ရေနွေးပါ'

maid တစ်ယောက်လာပေးသော
ရေနွေးဇလုံထဲ ကျွန်တော့်ခြေထောက်ကို
ယုယုယယလေး
ထည့်ကာ အနာကိုသန့်ရှင်းပေးနေသော
ကိုကို့ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေတဲ့လား

'ဟင် ကိုကို ဘာလို့မျက်ရည်တွေ
ကျနေတာလဲ'

ဒူးထောက်ကာထိုင်ထားသော
Jungkook ရဲ့ ပုခုံးနှစ်ဖက်ကို
သူ၏လက်သေးသေးလေးဖြင့် လှမ်း၍
ကိုင်ကာမေးလိုက်သော Jimin
သိုသော်မေးသည်ကိုမဖြေဘဲ

'ကိုကိုတောင်းပန်ပါတယ် ကလေးလေးရယ်
ကိုကို့အပြစ်တွေပါ ကလေးလေးကို
နာကျင်စေမိပြီ'

စသည်ကိုသာတတွတ်တွတ်ပြောပြီး
မျက်ရည်ကျနေလေသော Jungkookကြောင့် Jimin မှာ ဘာဆက်ပြောရမည်ပင်မသိ ဖြစ်ကုန်သည်။

'ကိုကိုရယ် ကျွန်တော်ဒီဒဏ်ရာလောက်ကို
ခံနိုင်ရည်ရှိပါတယ် ကိုကိုရဲ့'

ဒဏ်ရာကို ဆေးထည်ပြီး
ပတ်တီးစည်းနေသည့်
Jungkook စိတ်သက်သာစေရန်
ပြောလိုက်သည့် Jimin

Infatuated(Hiatus)Where stories live. Discover now