1

4.1K 262 9
                                    

Zawgyi

နေ​ပျောက်​တစ်​ချို့ ထိုးလို့​နေ​သော နုဖတ်
ဖတ်​မျက်​နှာ​ဖွေး​ဖွေး​လေးသည်​ မဲ့ပြုံးတစ်
ပွင့်​နှင့်​လိုက်​ဖက်​​နေ​လေသည်​။

"​တောင်း....​တောင်းပန်​ပါတယ်​"

အ​မှောင်​အနဲငယ်​ကျ​ရောက်​လို့​နေ​သော
အခန်း​ထောင့်​တွင်​ ထိုင်​ခုံထက်​၌ကြိုးတုပ်
ခံထားရ​သောလူက ​သွေးစများစွာနဲ့တုန်
လှုပ်​စွာ ​တောင်းပန်​လို့​နေ​လေသည်​။

"ဟား...ဟား..ဟား..."

ပျက်​လုံးတစ်​ခုအား ကြားလိုက်​ရသလို
အားပါးတရ​အော်​ရယ်​​နေသည့်​ ပြတင်း
ပေါက်​နားမှလူသားသည်​ ​နေ​ရောင်​ခြည်
ထဲ​ပြောင်​လက်​လို့သွားသည့်​ ​သေးငယ်
လှ​​သော ဓား​လေးအား ​ဆော့ကစားလို့
နေ​လေသည်​။

ထို့​နောက်​....

ဖမ်းချုပ်​ထားရာ လူနားသို့ တစ်​လှမ်းခြင်း
လှမ်း​လျှောက်​လာပြီး ချစ်​စဖွယ်​ပြုံးပြလာ
သည်​။စိတ်​ညို့ခံထားရသည့်​နှယ်​ ထိုအပြုံး
တွင်​ကပ်​​ညိကာ ဖမ်းချုပ်​ခံထားသည့်​ လူ
သား၏ အသက်​နှင့်​ခန္ဓာကိုယ်​ကင်းကွာသွား
လေသည်​။

"ရှင်းလိုက်​....."

အနက်​၀မ်းဆက်​နဲ့​နောက်​လိုက်​နှစ်​​ယောက်​က
အသက်​မဲ့​နေ​သော ခန္ဓာကိုယ်​အား အစအန
ဖျောက်​ပြစ်​လိုက်​ကြ​လေသည်​။

Healing ဂိုဏ်း၏ နံပါတ်​၁ killer S-1
သည်​ အခြားဂိုဏ်းကြီးများတွင်​လည်း
နာမည်​ကြီး ပြိုင်​ဖက်​ကင်းဖြစ်​​လေသည်​။
အပြုံးတစ်​ပွင့်​နှင့်​ လူသတ်​နိုင်​​သော smile
Killer အဖြစ်​ သာမန်​လူများ၏ သတိထား
ကြောက်​ရွံ့ခြင်းကို ခံရ​လေသည်​။ထို့အပြင်
Healing ဂိုဏ်း​ခေါင်း​​ဆောင်​ O(zero)၏
အချစ်​​တော်​ဖြစ်​​လေသည်​။

နောက်​တစ်​​နေ့သတင်းစာ ​ခေါင်းကြီးပိုင်း
တွင်​ ​'​တောင်​ကိုရီးယားနိုင်​ငံ၏ ဘဏ္ဍာ​ရေး
ဝန်​ကြီးလီ​ယောင်​ဂျယ်​ လုပ်​ကြံသတ်​ဖြတ်​ခံ
ရ' ဆိုသည့်​ Breaking Newအား ​တွေ့ရ
မည်​ဖြစ်​မည်​။

_________

ရောင်​စုံမီးအလင်းများ ​ပြေးလွှားကာ သံစဉ်
ကျယ်​ကျယ်​တို့ပြန့်​လွင့်​​နေ​သော အခန်းထဲ
တွင်​ ​ပျော့​ပျောင်းလှပ​စွာ ကခုန်​​နေကြ​သော
လူတစ်​ချို့ရှိ​လေသည်​။

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now