10

1K 132 6
                                    

Z

awgyi

Say goodbye-Kim Na Young
(AN/ဒီသီချင်း​လေးက​တော့ အ​တော်​​ကောင်း
လို့ ခဏခဏနား​ထောင်​ဖြစ်​တယ်​..ဒီကfa​တောင်​ နာကျင်​ရပါတယ်​လို့😔)

__

Suho လက်​​နှစ်​ဖက်​ကို အ​ရှေ့ဘက်​စုပြီး
အချင်းချင်းခပ်​တင်းတင်း သွယ်​ယှက်​ထား
လိုက်​သည်​။xing သာ တစ်​ခုခု​ပြောလာခဲ့
ရင်​ သူ ဘာပြန်​​ပြောရမလဲ မသိပါ။မ​တွေ့
ရတဲ့ ၃နှစ်​အတွင်းမှာ suho,xing ကို ပိုလို့
သတိရပါသည်​။အခုလို မထင်​မှတ်​ပဲ ပြန်
တွေ့ရချိန်​မှာ အားပါးတရဖတ်​ထားလိုက်​ချင်
ပါသည်​။

၁၀ထပ်​​ရောက်​လို့ ဓာတ်​​လှေကား တံခါးပွင့်
သွားတဲ့အခါ xing နဲ့ suit အနက်​နဲ့ လူသုံး
ယောက်​ထွက်​သွားကြတယ်​။suho ​ကြောင်
တောင်​​တောင်​ နဲ့ပဲ Yixing ​နောက်​​ကျော
ကိုကြည့်​ရင်းကျန်​ရစ်​ခဲ့တယ်​။yixing ကသူ့
ကို တစ်​ချက်​​တောင်​ လှည့်​ကြည့်​မသွားခဲ့ဘူး။
Suho ကျချင်​​နေတဲ့ မျက်​ရည်​​တွေကို မျက်
တောင်​ခတ်​ရင်း ပြန်​သိမ်းလိုက်​သည်​။

အရင်​ထားရစ်​ခဲ့သူက သူပဲဖြစ်​တာ​ကြောင့်
သူ့မှာ xingကိုအပြစ်​တင်​ခွင့်​မရှိဘူး။ကြိမ်း
သေ xing သူ့အား ​နာကျည်းသွားခဲ့ပြီထင်
ပါသည်​။

"Ho ​လေးလာ.....အလယ်​က ကတ္တီပါ​ရောင်
အင်္ကျီနဲ့တစ်​​ယောက်​က သူ​ဌေးတဲ့ အ​တော်​​ချော
တယ်​​နော်​...မိန်းက​လေး​တွေ​တော့ မျက်​စိကျ
နေ​တော့မှာပဲ..."

ကိတ်​ပြင်​တဲ့​နေရာက​နေ လှမ်းမြင်​​နေရတဲ့
Xing ကို hyungက လှမ်းပြရင်း ချီးကျူး
နေ​လေသည်​။ပြိုင်​ပွဲဝင်​တစ်​ချိုနဲ့ hyung
ရဲ့ အသံ​တို့ကို suho မကြား​တော့ပါ။ခုံ
ရှေ့က စာရွက်​တစ်​ချို့ကို လှန်​​လှောကြည့်
နေတဲ့ yixing မျက်​နှာ​လေးကိုပဲ suho
ငေး​နေမိသည်​။

လွမ်းလိုက်​တာ xing ရယ်​...ဟက်​...
ဒီလို အနီးကပ်​ မြင်​လိုက်​ရ​တော့ ပို​တောင်
လွမ်းမိ​သေးတယ်​။

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now