15

968 133 21
                                    

Zawgyi

Taeil-Because of you.......

ဒုတိယ ​နေရာက စတင်​ခဲ့ရင်​ ပထမ​နေရာကို
တက်​နိုင်​ဖို့ သိပ်​ခက်​တယ်​။အစကတည်းက
မင်းက ငါ့ကို အရန်​​နေရာမှာထားခဲ့တာပဲ...။

ဒုတိယ​နေရာက သိပ်​နာကျင်​ရ​ကြောင်း
ဒုတိယ​နေရာမှာ ​နေဖူးတဲ့လူပဲ သိလိမ့်​မယ်​။

အဲ့ဒီ​နေ့ မင်း​ပြောခဲ့တဲ့ အတိုင်း ငါ့ကိုယ်​ငါ
ပြန်​ရှာသင့်​​နေပြီ ထင်​တယ်​။

အ​တွေးတစ်​ချို့က လွန်​ခဲ့တဲ့ည သူတို့ရန်ဖြစ်
ခဲ့တဲ့ အချိန်​ကို ​ပြေးလွှားသွား​နေတယ်​။

"$​ရေးမပါတဲ့ မျက်​ရည်​​တွေနဲ့ ငါ့ကိုသနား
စရာပုံစံလုပ်​ပြမ​နေနဲ့ lee suho ငါသိပြီးပြီ
ပဲ နဂိုအတိုင်း မင်းပုံစံ၊စရိုက်​အတိုင်း ပြန်​​နေ
လေ...ဘာလည်း jun လို့ မင်းကိုယ်​မင်း
ထင်​​နေတုန်းလား...မင်းက သိပ်​ရွံဖို့​ကောင်း
လိုက်​တာ....​ပြောင်းလိုက်​စမ်းပါ မင်းပုံစံ
အတိုင်း​လေ..​ပြောင်းလိုက်​လေ နဂိုအတိုင်း.."

ဝိုင်​ခွက်​ကို ပစ်​ခွဲရင်း ​အော်​ဟစ်​​နေတဲ့ xing
ကို ဆိုဖာထက်​က​နေ အသက်​မဲ့​နေတဲ့
မျက်​နှာထားနဲ့ သူထိုင်​ကြည့်​​နေမိတယ်​။
စိတ်​ရှိတိုင်းသာဆို အားပါးတရ ရယ်​လိုက်
ချင်​သည်​။နောက်​ဆက်​တွဲအ​နေနဲ့ ကျဆင်း
လာမဲ့ မျက်​ရည်​​တွေ​ကြောင့်​သာ သူငြိမ်
နေလိုက်​တယ်​။

"ချစ်​လို့​လေ xing ရဲ့..မင်းကိုချစ်​လွန်းလို့
ငါ့မူလပုံစံက ဘာမှန်းမသိ​တော့​အောင်​ မင်း
ကို အရူးအမူးချစ်​ခဲ့လို့...အခုလို အ​ပြောခံ
နေရတာ​တောင်​ အရှက်​မရှိ ​အောက်ကျို့ ပြီး
မင်းအချစ်​ကို ​တောင်းခံ​နေမိလို့...​ကျေးဇူး
ပြုပြီး...ငါ့.ငါ့ကို မချစ်​ရင်​​တောင်​ နားလည်
ပေးပါ...."

Xing က အားပါးတရရယ်​တယ်​။ရယ်​လွန်းလို့
ထင်​တယ်​ xing ပါးပြင်​​ပေါ်ကို မျက်​ရည်​စက်
အချို့ စီးဆင်းလို့လာတယ်​။

"Jun မဟုတ်​ဘူးဆိုတဲ့ အချက်​နဲ့တင်​ မင်းက
ရှုံးနိမ့်​ပြီးသား...မင်းမှာ ဘာကိုမှ​တောင်း
ဆိုခွင့်​မရှိဘူး...lee...suho"

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now