8

1.1K 127 10
                                    

Zawgyi

Highlights-Take Care
(AN-သီချင်း​လေး ဖွင့်​ပြီး ဖတ်​ရင်​ ပိုဖတ်
လို့ ​ကောင်းမယ်​ ထင်​တယ်​ရယ်​...အကြံ
ပေးတာပါ😁😁)

ညဘက်​​ကောင်းကင်​ကြီးကို ​မော့ကြည့်​တဲ့အခါ
တစ်​ချို့က မဲ​မှောင်​ပြီး၊​အေးစက်​ခြင်းကို ခံစား
ကြရတယ်​။တစ်​ချို့က ငါတို့ကို သတိရ​ပေးပါ
လို့ မှာတန်း​ချွေ​နေတဲ့ ကြယ်​အစုအ​ဝေးကြီးကို
တွေ့ကြတယ်​။တစ်​ချို့က ကြယ်​​တွေကိုကြည့်​ပြီး
သတိရကြတယ်​။တစ်​ချို့က သတိရလို့ကြယ်​​တွေ
ကိုကြည့်​ကြတယ်​။

လေးရာသီလုံး အနားမှာ အချိန်​ပြည့်​မရှိခဲ့တဲ့
Junmyeon က အခုလည်း yixing ကိုထား
ခဲ့ပြန်​သည်​။ဂျပန်​က ပြန်​​ရောက်​​တော့ Yixing
..Junmyeon ကို မ​တွေ့ရ။အခန်းထဲ​တွေ့ရ
တဲ့ စာ​လေးတစ်​​စောင်​က 'နှုတ်​ဆက်​ခဲ့ပါတယ်
Xing´ဆိုတဲ့ ခပ်​တိုတို စာတစ်​​ကြောင်းနဲ့jun
က သူတို့ရဲ့ ဆက်​နွယ်​မှုကိုဖြတ်​ပြစ်​ခဲ့တယ်​။

အိမ်​မက်​ထဲမှာ Jun ကို ​တွေ့ခွင့်​ရသည်​ ဟု
ဆိုကာ အိပ်​​ဆေးများထိုးခိုင်းတဲ့ Yixing က
တစ်​ခါတစ်​ရံ Junmyeon အတွက်​ သူကိုယ်
တိုင်​ စိုက်​ပျိုး​ပေးခဲ့တဲ့ ပန်းခင်​ကြီးထဲ Junmyeon ပန်း​တွေကြည့်​​နေသည်​ဟု ဆိုကာ
မျက်​ရည်​များနဲ့ ​ပြေးလွှားကာ ရှာ​နေတက်​ပြန်
သည်​မို့ sehun ,yixing ကို ကြည့်​ကာ စိတ်
မ​ကောင်းဖြစ်​သည်​ကလွဲ မတက်​နိုင်​ခဲ့ပါ။

အခု​တော့လည်း yixing က ​ကြောက်​စရာ
ကောင်း​လောက်​​အောင်​ တည်​ငြိမ်​​နေပြန်
တယ်​။junmyeonနဲ့ ​နောက်​ဆုံးအကြိမ်
အတူရှိခဲ့ဖူးတဲ့ ကုန်းထိပ်​​လေးမှာ ထိုင်​ရင်း
ပန်းခင်းကြီးကို ခပ်​​ဆွေး​ဆွေး yixing စိုက်
ကြည့်​လို့​နေသည်​။

"ပန်း​တွေ​တောင်​ ​ကြွေ​နေပြီ jun.....
ကိုယ်​ မင်းအတွက်​ စိုက်​​ပေးထားတဲ့
ပန်း​တွေကို မင်းက မကြည့်​ချင်​ဘူးလား
ဟင်​......."

အဖြူ​ရောင်​ပန်းပွင့်​ ​ကြွေ​တွေက ​လေတိုက်
ရာ ​ရွှေ့လျား​နေကြသည်​။yixing မှာ ငို​ကြွေး
ဖို့ မျက်​ရည်​​တွေ မရှိ​တော့ဘူး ထင်​ပါသည်​။
Junmyeon ဟာ အ​ကြောင်းပြချက်​​တွေ မ
ပေးဘဲ ပ​ဟေဠိ ​တွေ ၀ှက်​ရသည်​ကို သိပ်​ကြိုက်
ပုံရသည်​ ထင်​ပါသည်​။တစ်​​နေ့​တော့ Junmyeon ပြန်​လာမှာပါလို့သာ Yixing ယုံ
ကြည်​ထားသည်​။အခု​တော့ ​မေလ(​​နွေဦး)ကုန်​ကာ ​နွေပင်​​ရောက်​လာ​တော့မည်​။jun ချန်
ထားခဲ့တဲ့ အမှတ်​တရ​တွေကို ဖတ်​တွယ်​ရင်း
သာ Yixing အသက်​ရှင်​​နေရသည်​။

Hyper Lunacy{S-1}[complete]xinghoOnde histórias criam vida. Descubra agora