6

1.2K 144 5
                                    

Zawgyi

Jo kwon- lonely

ဆောင်း​လေတို့ ​အေးစက်​စွာ အခန်းထဲ တိုး
ဝင်​​နေချိန်​တွင်​ ပြတင်း​ပေါက်​နားရပ်​ကာ ​ဆေး
ကရက်​ဖွာ​နေ​သော Junmyeon  အင်္ကျီက ပါးလှပ်​လွန်း​နေသည်​။ဆေးကရက်​ တိုကို ခပ်​ပြင်း
ပြင်းရှိုက်​လိုက်​ပြီး​နောက်​ ပြန်​လည်​ထုတ်​လွှတ်​လိုက်​​သော အ​ငွေ့များကြားတွင်​ Junmyeon  နာကျင်​မှုများ ကပ်​ပါသွားရင်​ သိပ်​​ကောင်းမည်​။

"မအိပ်​​သေးဘူးလား.....baby ညဉ့်​အ
တော်​နက်​​နေပြီ....."

အခန်းဝင်​လာသူကို Junmyeon လှည့်​မကြည့်​ပဲ​ဆေးကရက်​သာ ဖွာမြဲဖွာ​နေလိုက်​သည်​။
ခါးထက်​ခပ်​ဖွဖွ သိုင်းဖက်​လာ​သော လက်
တွေကို Junmyeon  ခပ်​ကြမ်းကြမ်း ဖယ်​ချ
ပြစ်​လိုက်​သည်​။

"ဟားဟားဟား....ဘာလို့လဲ.. Zero မဟုတ်
လို့လား.....ဟားဟားဟား ဒီဖက်​လှည့်​ပါအုန်း
ကွာ....ခုချိန်​​လောက်​ဆို  Zero ​တော်​​တော်
ကို ခံရခက်​​နေ​လောက်​ပြီ....baby ကိုအ​တော်
လွှမ်း​နေမှာ...ဟာ..မဟုတ်​ဘူး...kim Junmyeon ကို လွမ်း​နေမှာ...ဟားဟားဟား"

Junmyeon ပါးပြင်​​ထက်​ မျက်​ရည်​စက်​တစ်​ချို့
လိမ့်​ဆင်းလာသည်​​ကြောင့်​ Junmyeon ခပ်​ကြမ်းကြမ်းဆွဲသုတ်​လိုက်​သည်​။

"Zero ကို အန္တာရယ်​ မ​ပေးပါနဲ့ ​ကျေးဇူးပြု
ပြီး....."

So June က အသက်​မပါသည့်​ အသံကြီး
ဖြင့်​ ​အော်​ရယ်​ကာ Junmyeon ပုခုံး​တွေ
ကို ဆုတ်​ကိုင်​လိုက်​သည်​။

"ဘာလို့ အဲ့​ကောင်​အတွက်​ကြီးပဲလဲ...ဘာ
လို့ ငါမဟုတ်​ရတာလဲ...ဟမ်​...suho ​ပြော
စမ်းပါ...ဘာလို့...ဘာလို့..."

Junmyeon မျက်​ရည်​​တွေ ပိုလို့ကျလာသည်​။
So June,Junmyeon ကို စိုက်​ကြည့်​ပြီး ဆုတ်
ကိုင်​ထားသည့်​ ပုခုံး​တွေကို လွှတ်​​ပေးကာ စိတ်
လျှော့လိုက်​ပုံပင်​။

"Baby သိလား..အလယ်​တန်း ပထမနှစ်​တုန်း
က အိမ်​သာထဲ ​ဆေးလိပ်​​ခိုး​သောက်​လို့ ဆရာ
မ မိတုန်းက မင်းကို lee suho လို့​ခေါ်ရုံပဲ
ရှိ​သေးတယ်​ မင်းတစ်​ကိုယ်​လုံး တုန်​သွားတာ
လေ....အဲ့တုန်းက ခပ်​ဆိုးဆိုး က​လေး​လေး
ကို ကိုယ်​ချစ်​မိသွားတာ....ဟားဟား......
လူဆိုး​ခေါင်း​ဆောင်​လုပ်​​နေပြီး မင်းအနားကို
သွားဖို့ ကိုယ်​​ကြောက်​​နေခဲ့တာ အ​တော်​ရယ်
ရတယ်​.....အဲ့တုန်းက ကိုယ်​သာ ဂျပန်​ ကို
ထွက်​မသွားရရင်​....အခုချိန်​မင်းကိုပိုင်​ဆိုင်
ရမှာ zero မဟုတ်​ဘူး.....၊baby လျို့ဝှက်
ချက်​ကို ကိုယ်​တစ်​သက်​လုံး ​စောင့်​ထိန်း​ပေး
မှာမို့ ကိုယ့်​အနားမှာပဲ ​နေ​ပေးလို့မရဘူးလား
Baby...."

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now