ExTra

2K 136 16
                                    

zawgyi

Chen-Beautiful goodbye

နွေဦးရာသီရဲ့ ​လေ​ပြေငယ်​က ဆာကူရာ
ပန်းတစ်​ချို့ကို ကလူ၏မြူ၏ ဖြတ်​​ကျော်
သွားကြသည်​...

ပန်းနု​ရောင်​နဲ့ဖြူ​ဖွေး​ဖွေး ဆာကူရာပင်​တန်း
ကြီး​တွေ ​ဘေးတစ်​ဖက်​တစ်​ချက်​မှာ ​ပေါက်
ရောက်​​နေတဲ့ လမ်းမတန်းကြီးက လှပလွန်း
နေသည်​....

ကားမှန်​တံခါးကိုချလိုက်​ပြီး အပြင်​ဖက်​က
လူတစ်​ချို့သွားလာ​နေပုံကို အထူးအစမ်း
ကြည့်​​နေမိသည်​..

တစ်​ရိပ်​ရိပ်​ကျန်​ခဲ့တဲ့ လူရိပ်​​တွေက အထူး
အစမ်းမဟုတ်​​ပေမဲ့ ရိုးရှင်း​နေတယ်​လို့​တော့
ခံစားမ​နေရပါဘူး....

"Yixing....ပျင်း​နေပြီလား...."

"Sehun..gegeလို့​ခေါ်ဆို မရိုင်းနဲ့..."

ကား​မောင်းသူ​နေရာက papaရဲ့ မဆိုသ
လောက်​ဟိန်း​ဟောက်​သံ​ကြောင့်​ န​ဘေးက
အသံ​သေး​သေး​လေးတိတ်​သွားပြီး ဆန့်​ကျင်
ဖက်​မှန်​တံခါးကိုကြည့်​လို့​နေတယ်​...

၎နှစ်​သား yixing ထက်​​တောင်​ တစ်​ခါတစ်​ရံ
sehun က ရင့်​ကျက်​ဟန်​ပြ​နေ​သေးသည်​.....

Yixing တို့ကား​လေး အ၀ါနု​ရောင်​အိမ်​​လေး
ရှေ့မှာ ရပ်​လိုက်​တယ်​...

"ဒီလမ်း​သေချာပါတယ်​...အိမ်​နံပါတ်​များ
မှား​နေလားမသိဘူး...."

ကားရပ်​ကာ ဖုန်းထဲမှာတစ်​စုံတစ်​ခုရှာ​နေတဲ့
papaကို လှမ်းကြည့်​လိုက်​ပြီး ကားမှန်​တစ်​ဖက်
ကို ပြန်​လည်​မျက်​နှာမူလိုက်​သည်​...

"Jun......သား​ရေ ​မေ​မေ့ဆီလာအုန်း..."

အ၀ါ​ရောင်​အိမ်​ဖက်​က ခပ်​ကျယ်​ကျယ်
အသံ​ကြောင့်​ yixing အာရုံစိုက်​မိလိုက်
တယ်​..သဲပုံထဲမှာထိုင်​​ဆော့​နေတဲ့ အ၀ါ
ရောင်​အင်္ကျီထဲမှာ မြှပ်​လို့​နေတဲ့ ဖြူဖြူ​ဖွေး
ဖွေးက​လေးငယ်​သည်​ မျက်​မှန်​​လေးအား
ပင့်​တင်​ကာ နှုတ်​ခမ်း​လေးအား မဆိုသ
လောက်​ဆူလိုက်​​လေသည်​....

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now