[13]

1.5K 228 24
                                    

တစ်နှစ်ကြာပြီးနောက်~♡

ထုံးစံမပျက် လမ်းထိပ်ကcafeဆိုင်လေးရဲ့ ထောင့်ကျကျစားပွဲဝိုင်းမှာတော့ ကောင်လေးသုံးယောက်ထိုင်ကာ ရွှင်ရွှင်ပြပြ စကားပြောနေကြ၏...

မကြာ ထိုcafeဆိုင်အတွင်းသို့ ခပ်ချောချော ကောင်လေးနှစ်ယောက်ဝင်လာကြသည်...

"အိမ်ကကောင်က cafeဆိုင်ကိုရောက်နေတာပဲ"

ဘေးနားမှ သူငယ်ချင်း TaeMin၏စကားသံအရ TaeMinကြည့်နေရာဆီ အကြည့်ရောက်မိတော့ ထောင့်ကျကျစားပွဲဝိုင်းလေးတွင် ဆိုဒ်တူဂိုက်တူ ကောင်လေးသုံးယောက်ထိုင်နေသည်...

တစ်ယောက်ကတော့ TaeMin၏ညီဖြစ်သူ DaeMinပင်..

ကျန်တဲ့ကောင်လေးတွေကတော့ DaeMin၏ သူငယ်ချင်းဖြစ်ဟန်တူ၏...

"လာ MinSeok..ငါတို့လည်း သူတို့ဝိုင်းမှာပဲ သွားထိုင်ရအောင်"

TaeMinရဲ့စကားကို အသိအမှတ်ပြု ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ကောင်တာမှ သောက်ချင်တာကိုမှာကာ ထိုစားပွဲဝိုင်းဆီ ရောက်သွားသည်..

"ညီလေးတို့ အာညော်"

"အာ TaeMin hyungပဲ..အာညော်"

မိမိမသိသည့် ကောင်လေးနှစ်ယောက်ထဲမှ ပိန်ပိန်ပါးပါးကောင်လေးက အံ့ဩတကြီးဖြင့် TaeMinကိုနှုတ်ဆက်သည်...

"အာညော် Hyung..မတွေ့တာကြာပြီ"

ပြီးတော့မှ ဘေးနားက နောက်ထပ်ကောင်လေးတစ်ယောက်က ထပ်နှုတ်ဆက်သည်...

"Hyungတို့ ဒီဝိုင်းမှာထိုင်မလို့ အဆင်ပြေတယ်မလား"

TaeMinက ခွင့်တောင်းသလိုပြောတော့ သူတို့ကရယ်ရယ်ပြုံးပြုံးဖြင့် ခေါင်းငြိတ်ပြသည်...

"KyungSooနဲ့Chen..သူ့နာမည်က MinSeokတဲ့ Hyungတို့နဲ့Uniမှာ သူငယ်ချင်းတွေပေါ့ကွာ"

KyungSooဆိုတဲ့ နာမည်ကြောင့် MinSeokတစ်ခုခုကို သတိရမိသွားသည်...

ဩော် တစ်ခါက JongIn သူ့စာအုပ်ထဲမှာရေးထားတဲ့ နာမည်ပဲ..

အတွေးတွေကို ခဏရပ်ပြီး သူလည်းနှုတ်ဆက်လိုက်သည်..

"မင်္ဂလာပါ MinSeokပါ"

"ဟုတ် ကျွန်တော်က Chenပါ"
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က KyungSooပါ"

Obviate Difficulties By LoveWhere stories live. Discover now