[17]

1.8K 296 46
                                    

"JongIn Hyung ဒီအတိုင်းပဲနေတော့မှာလား"

ကန်တင်းမှာ လာချပေးမယ့် အစားအစာတွေကို စောင့်နေရင်း အဆက်အစပ်မရှိထွက်လာတဲ့ Chenစကားကြောင့် ကြောင်သွားရသည်...

"အဆက်အစပ်မရှိ ဘာကိုပြောတာလဲ Chen ah"

"Hyung..KyungSooကို ထပ်ပြီးဖွင့်ပြောပါလား"

ရုပ်တည်ကြီးတွေနဲ့ပြောလာတဲ့ စကားကြောင့် KyungSooကို ဖွင့်ပြောခဲ့သည့်ညကိုတောင် သတိရသွား၏...

"အစကတည်းက အဖြေသိထားပြီးသွားပြီကိုကွာ..
Hyungက ဘာလို့ ထပ်ဖွင့်ပြောတော့မှာလဲကွ..
Kyungieကို ထပ်ပြီးစိတ်ရှုပ်ရအောင်"

"Hyungက KyungSooပြောသလို တကယ်ငတုံးပဲ"

DaeMinပြောချလိုက်သည့် စကားကြောင့် ဘာမှမစားပဲနဲ့နင်သွားရသည်...

TaeMinကတော့ သူ့ညီစကားကို တခွီခွီနဲ့...

"တုံးတာမှ နည်းနည်းတုံးတာတောင် မဟုတ်ဘူး..အ တာပါ ပါနေသေးတာ"

"တော် တော်တော့ မင်းတို့ကဖဲ့လိုက်တာကွာ"

ကန်တင်းက စားပွဲထိုးလေးလာချပေးသော မှာထားသည့်အအေးဘူးကိုယူကာ ပြောလိုက်သည်...

သူတို့ပစ်ပစ်နှယ်နှယ်ပြောတာနဲ့ မိမိဘဝလေးတော့ ရစရာမရှိတော့အောင် ဖြစ်တော့မည်...

"KyungSooကို ချစ်တယ်လည်း ပြောသေးတယ် KyungSooစိတ်ကိုလည်း သေချာမသိဘူး"

DaeMinစကားကြောင့် သက်ပြင်းပဲ ချလိုက်မိပါ၏...

"ငါကတော့ ထပ်ပြီးဖွင့်ပြောစေချင်တယ် JongInnie..ငါထင်တာတော့ KyungSooလည်း မင်းကိုချစ်နေတယ်"

"မင်းကပါ ကလေးတွေနဲ့အပြိုင် ဘယ်လိုဖြစ်နေတာလဲ TaeMin ah"

"HoDongကလည်း KyungSooကို ဖွင့်ပြောဖို့ချောင်းနေတာနော်..မင်းက သူများလက်ထဲ ဒီအတိုင်းအပါခံတော့မှာလား"

ထပ်ပြီးပြောလာသည့် TaeMinစကားကြောင့် ရင်တွေပါတုန်လာသလို...

"ဒီလိုအခြေအနေမှာငါထပ်ပြီး ဖွင့်မပြောချင်ဘူးကွာ..KyungSooအစား ဒဏ်ရာရပြီး အခွင့်ကောင်းယူတယ်လို့ အထင်မခံနိုင်ဘူး..ပြီးတော့ KyungSooက ငါ့ကိုပြတ်ပြတ်သားသားငြင်းထားတာကွ"

Obviate Difficulties By LoveWhere stories live. Discover now