အခန်း၁- သြရိုမန်

37.8K 2.1K 69
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ အနည်းငယ်မျှပါဝင်ပါသည်...
______________________________

"အား!!!!..."

တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကိုယ်ဝင်စားလိုက်တိုင်းဖြစ်နေကျ နာကြင်မှုကို ငါမျှော်လင့်ထားပြီးသားပါ... သို့ပေသိ ဒီလိုမျိုး အရမ်းကိုနာကြင်ရတဲ့အနေအထားကြီးနဲ့ ရုတ်တရက်ကြီး ရောက်သွားလေလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး...

"Bob!!!!..." ငါဟာ ဒေါသထွက်စွာနဲ့ပဲ စိတ်ထဲကနေအော်လိုက်ပေမယ့် တိတ်ဆိတ်ငြိမ်သက်မှုကိုသာ ပြန်ရလိုက်လေတယ်...

ရုတ်တရတ်ကြီး ပြင်းထန်စွာ ဖောက်ထွင်းဝင်ရောက်ခံရမှုဆီကရတဲ့ နာကြင်မှုကို ခံနေရရင်းနဲ့သာ ငါဟာ မျက်နှာမော့ကြည့်လိုက်ချိန်မှာတော့ ရင်းနှီးနေကျ နက်မှောင်တဲ့ အကြည့်တစ်စုံကို မြင်လိုက်ရတာမို့ တုန်လှုပ်သွားမိတော့တယ်...

အခြေအနေကို ရှေ့မဆက်နိုင်သေးခင်မှာ သတင်းအချက်အလက်တွေဟာ င့ါစိတ်ဝိဥာဉ်ထဲကို တဖျတ်ဖျတ်ဝင်ရောက်လာတော့တယ်... ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ကတော့ အက်ရှ်လီဂျိုင်းလ် ဖြစ်ပြီး သူမဟာ သာမန်မိသားစုဝင်လေးယောက်ရှိတဲ့အိမ်က လှပတဲ့ မိန်းမငယ်လေးပေါ့...သူမရဲ့ အဖေဟာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားဖြစ်ပြီး သူမရဲ့မိခင်ကတော့ သာမန်အိမ်ရှင်မတစ်ဦးပါပဲ... အက်ရှ်လီဂျိုင်းလ်မှာ အစ်ကိုတစ်ယောက်ရှိလေတယ်- သူမထက် တစ်မိနစ်နဲ့ ၂၇စက္ကန့်သာ ကြီးတဲ့အမွှာအစ်ကိုတစ်ယောက်ပေါ့...

သူမရဲ့ဘ၀ဟာ ပုံမှန်အတိုင်းဖြတ်သန်းလာခဲ့ရပေမယ့် တစ်နေ့မှာတော့ သူမရဲ့ အမွှာအစ်ကိုဟာ သူမတို့ မောင်နှမနှစ်ဦးထဲမှာတော့ တော်တော့ကို ထိန်းချုပ်ရခက်တဲ့ အိမ်ပုန်ကန်သူတစ်ဦးဖြစ်လေတာကြောင့် သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ရော့ခ်စတားတစ်ယောက်ဖြစ်ဖို့ ဆိုတဲ့ သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ရာ အိမ်က ထွက်သွားလေတော့တယ်...

အက်ရှ်လီဂျိုင်းလ်ရဲ့ မိဘတွေဟာ သူတို့ရဲ့သားတော်မောင် ရုတ်တရတ်ပျောက်ဆုံးသွားခြင်းကို အင်မတန်မှ စိတ်ဆိုးကြပေမယ့် သူ့ကိုရှာဖို့ရာ ဘာတစ်ခုမှ မတတ်နိုင်လေဘူး...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now