အခန်း၈- သြရိုမန်

20.2K 1.9K 58
                                    

Zawgyi

ထိုအဖြစ်အပျက်တွေရဲ့ နောက်မှာတော့ သြရိုမန်ဟာ မီနာ့အပေါ် အရင်ကနဲ့မတူစွာ ဆက်ဆံလာတော့တယ်... သူဟာ ကျီစယ်စနောက်တတ်ပြီး အပျော်ရည်းစားတွေထားနေသေးသော်ငြား မီနာ့အပေါ်ကိုတော့အတူတူအိပ်ဖို့ ဆိုတဲ့အကြောင်းအရာမှာ မထားလေတော့ဘူး... အဲ့ဒီအစား သူဟာ မီနာ့ကိုအမြဲရှာပြီး စကားပြောတာတို့ ထိုင်ကြည့်နေတာတို့ကိုသာ လုပ်လေတယ်...

ဒါဟာ သူမကို ပိုးပန်းဖို့ကြိုးစားနေဟန်နဲ့အလားတူလှလေတယ်... သြရိုမန်ဟာ မိန်းကလေးတွေနဲ့အတွေ့အကြုံတော်တော်ရှိနေဖူးပေမယ့် သူတို့ကို ဘယ်လိုပိုးပန်းရမယ်ဆိုတာမှာတော့ အတွေ့အကြုံမရှိလှလေဘူး... မိန်းကလေးတွေကသာ အမြဲတမ်း သူ့အပေါ် ဖွင့်ဟ ၀န်ခံဖူးတာမို့ သြရိုမန်ဟာ သမီးရည်းစားပတ်သတ်မှုတစ်ခုအပေါ်မှာ တစ်ခါမှအားစိုက်ထုတ်စရာ မလိုခဲ့ဖူးလေဘူး...

မူလဇာတ်လမ်းက မီနာရိမ်းန်တောင်မှ သူ့ကိုစတင်ချဉ်းကပ်ခဲ့ရတာဖြစ်ပြီး သူ့နှလုံးသားကိုရဖို့ရာ သွေးရူးသွေးတန်းဖြစ်ခဲ့ရလေတယ်... သို့သော်ငြား လက်ရှိမီနာရိမ်းန် ဟာတော့ သြရိုမန်ရဲ့ သူမအပေါ် အပြုအမူတွေကို ပြောင်းလဲပစ်လိုက်ရုံသာမက သူမအပေါ်သူ့ရဲ့ဆက်ဆံရေးကိုပါ ပြောင်းလဲပစ်လိုက်တာ ဖြစ်လေတယ်... သြရိုမန်ကိုယ်တိုင်ဟာတော့ မီနာ့အပေါ်သူ့အပြုအမူတွေဟာ တခြားသူတွေအပေါ် သူပြုမူဖူးတာတွေနဲ့ မတူလေကြောင်း သတိမထားမိလေဘူး...

သြရိုမန်ဟာ သူ့ရဲ့မီနာ့အပေါ်အပြုအမူတွေကို သတိမထားမိသော်ငြား သူ့သူငယ်ချင်းတွေနဲ့ တခြားရွယ်တူတွေက သတိထားမိလေတယ်... ဒီလူဆိုးလေးဟာ မိန်းကလေးတွေနဲ့ အပျော်ရည်းစားထားပေမယ့် မီနာနဲ့သာဆိုရင်တော့ အတည်သဘောဆောင်လေတယ်- သူဟာ သူမကို မြတ်နိုးတန်ဖိုးထားဟန်ပေါ်လေတယ်...

မီနာ့အပေါ်ကြည့်တဲ့ သူ့အကြည့်တွေဟာ သံသယ၀င်စရာမလိုလောက်အောင် နွေးထွေးနေလေတယ်... သူမကို ပြောတဲ့စကားသံဟာလည်း နူးညံ့ပြီး သြရှရှနိုင်လေတယ်... အရေးအကြီးဆုံးကတော့ သူမကို တို့ထိလိုက်တဲ့အပြုအမူကအစ ဂရုတစိုက်ရှိလွန်းလှလေတယ်... တခြားလူတွေအပေါ် ရင်းရင်းနှီးနှီးနဲ့ ဂရုမစိုက်စွာ ပြုမူမှုနဲ့ဆန့်ကျင်လှစွာ မီနာ့ကိုတော့ သူမဟာတန်ဖိုးကြီးအရာတစ်ခုလိုမျိုး အလွယ်တကူကျိုးပျက်သွားနိုင်တဲ့ အရာတစ်ခုလိုမျိုး တို့ထိဖို့ရာ တုန့်ဆိုင်းနေလေတယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now