Zawgyi
"Kyaa!!! သြရိုမန် ဒီနေ့ ဘတ်စ်ကတ်ဘောကစားမှာတဲ့..."
"ငါတို့ ဘာကြောင့်ဒီမှာနေနေဦးမှာလဲ??? သွားကြစို့!!!..."
ရက်သတ္တပတ်ရဲ့ကုန်ဆုံးဖို့ နောက်ဆုံးနှစ်ရက်အလိုမှာတော့ ကျောင်းသားတွေဟာ အဆောင်ရဲ့တင်းကြပ်လှတဲ့ စည်းမျဉ်းတွေကနေ နာရီအတန်ကြာ လွတ်မြောက်ခွင့်ရှိပြီး မြို့ထဲကို သွားရောက်လည်ပတ်နိုင်တာ ဖြစ်လေတယ်... ပုံမှန်အားဖြင့် ဒီလိုမျိုး လွတ်လပ်ရေးရတဲ့ နှစ်ရက်မှာကျောင်းသားတော်တော်များများဟာ ကျောင်းဝန်းထဲမှာသာ အချိန်ကုန်ဆုံးကြတာဖြစ်လေတယ်... သူတို့မိဘတွေဆီက ထောက်ပံ့ကြေးအနည်းငယ်သာ ရတဲ့ကျောင်းသားတွေအတွက်ကတော့ ပိုက်ဆံမရှိပဲ လုပ်နိုင်တဲ့အရာဟာ များများစားစားမရှိလှလေဘူး...
တခြားကျောင်းသားတွေနဲ့ တစ်လှေထဲစီးနေရတဲ့ မီနာအတွက်ဟာလည်း ဖြုန်းဖို့ရာ အပိုပိုက်ဆံမရှိလေတာကြောင့် သူမရဲ့ အားလပ်ရက်တော်တော်များများကို စာလုပ်ခြင်းဖြင့်သာ ကုန်ဆုံးရလေတယ်... ပျင်းစရာကောင်းပြီး သူမကိုယ် သူမ မကျေနပ်လှပေမယ့် မီနာဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် အဆင့်ကောင်းကောင်းရာဖို့ကိုသာ အာရုံစိုက်ထားလေတယ်...
မီနာ ကျောင်းစာကြည့်တိုက်ကိုသွားတဲ့လမ်းမှာ မိန်းကလေးတစ်စုဟာ Gym ခန်းမကို စိတ်လှုပ်ရှားစွာ ပြေးထွက်သွားတာကိုမြင်လိုက်ရလေတယ်... သိချင်စိတ်နဲ့အတူ လူအုပ်ကြီးနောက်ကို သူမလိုက်သွားလေရင်း အတန်းကြီးတွေရဲ့ အဖွဲ့နှစ်ဖွဲ့ကြားက ဘတ်စ်ကတ်ဘော ကစားပွဲကျင်းပနေတဲ့ အဆောက်အဦးကို ရောက်သွားလေတော့တယ်... ဘတ်စ်ကတ်ဘော ဘောင်းဘီတိုနဲ့ အဖြူရောင်တီရှပ်ရဲ့ လက်တွေကို ပုခုံးအထိလိပ်တင်ထားတဲ့ သြရိုမန်ဟာ အရပ်အမောင်းအရရော ရုပ်ရည်အရပါ ထင်းထွက်နေလေတယ်...
ဒီခန့်ညားတဲ့ကောင်လေးဟာ ကွင်းထဲကို ဘောလုံးကို ပုတ်ရင်း ၀င်လာကာ သူ့ရဲ့ပြိုင်ဖက်တွေကို ရှောင်ရှားရင်း ***3 Point Line ကနေ ခုန်ပြီး သွင်းလိုက်နိုင်ချိန်မှာတော့ ကွင်းထဲကမိန်းမငယ်လေးတွေဟာ ကျေနပ်မှုနဲ့အတူ စူးနေအောင် အော်ကြလေတော့တယ်... မီနာဟာလည်း ကွင်းအပေါ်ထပ် Balcony ရဲ့လက်ရန်းမှာ မှီနေရင်း စိတ်ဝင်စားစွာကြည့်နေခဲ့တာပေါ့... သြရိုမန်ဟာ သူ့ရဲ့အဖွဲ့သားတွေကို ရယ်မောရင်း High five လုပ်နေတာကိုမြင်လိုက်ချိန်မှာတော့ မီနာဟာ မနေနိုင်တော့ပဲ ပြုံးမိသွားလေတယ်... ဒီမိန်းကလေးတွေအားလုံး ဘာကြောင့် စွဲလမ်းနေတယ်ဆိုတာ သူမနားလည်သွားခဲ့ပြီ...
YOU ARE READING
5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)
Teen Fictionကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...