အခန်း၁၃- သြရိုမန်

23K 1.6K 24
                                    

Zawgyi

အောက်ပါအကြောင်းအရာသည် ၁၈+ အရေးအသားများ ပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးများ ဖတ်ရန်မသင့်ပါ...
__________

မိနစ်လေးဆယ်မျှသော ဘတ်စ်ကားခရီးစဉ်အပြီးမှာတော့ သူတို့ဟာ မြို့ထဲကိုရောက်သွားကြတော့တယ်... မီနာ ဘတ်စ်ကားထဲကထွက်လာတဲ့တစ်လျှောက်လုံး သြရိုမန်ဟာ သူမလက်ကိုတင်းနေအောင် ဆုပ်ကိုင်ထားခဲ့တာဖြစ်လေတယ်... ကျောင်းသားတော်တော်များများဟာ သြရိုမန်နဲ့အတူ လျှောက်လည်ဖို့ရာ ချဉ်းကပ်ချင်လွန်းလှသော်ငြား ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်းမှာတင် သြရိုမန်ဟာ မီနာနဲ့အတူ ပျောက်သွားခဲ့တာကြောင့် သူတို့မှာ တောင်းဆိုဖို့ရာ အခွင့်အရေးတောင်မရှိလိုက်လေတော့ဘူး...

အက်ရှ်လီဂျိုင်းလ်ဟာ သြရိုမန် မီနာနဲ့အတူ နောက်လှည့်မကြည့်ပဲထွက်သွားတဲ့မြင်ကွင်းကိုသာ အဓိပ္ပါယ်ဖော်ရခက်တဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြည့်နေခဲ့လေတယ်... ဘတ်စ်ကားစီးနေတဲ့တစ်လျှောက်လုံး မီနာဟာ အက်ရှ်လီဂျိုင်းလ်ကို ခိုးခိုးကြည့်နေတာကြောင့် သြရိုမန်ဟာ ဒေါသထွက်နေခဲ့ရတာဖြစ်လေတယ်... သူ့အတန်းဖော်ဟာ သူနဲ့ ခပ်ခွာခွာနေရာမှာ ထိုင်လိမ့်မယ်ဆိုတဲ့ အတွေးကြောင့် သြရိုမန်ဟာ တမင်တကာကို ဘတ်စ်ကားရဲ့ ရှေ့ဆုံးခုံတွေနားမှာ ရွေးထိုင်ခဲ့တာဖြစ်လေတယ်...

သူတို့တွေပထမဆုံးစတွေ့ကတည်းက သြရိုမန်ဟာ သူ့အခန်းဖော်အပေါ်အလိုမကျမှုကို ဖုံးကွယ်မထားခဲ့လေဘူး... ဒါကြောင့်သာလျှင် ဒီကောင်လေးဟာ သူနဲ့ ခပ်ခွာခွာနေဖို့ကိုတော့ သတိထားလေလိမ့်မယ်လို့ သြရိုမန် ထင်ခဲ့တာဖြစ်လေတယ်... သို့သော်ငြား သြရိုမန်ဟာ ရှေ့ဆုံးညာဘက်ခုံတန်းမှာ နေရာယူလိုက်တာနဲ့ တစ်ချိန်ထဲမှာပဲ အက်ရှ်လီဂျိုင်းလ်ဟာ ရှေ့ဆုံးဘယ်ဘက်ခုံမှာ အီသန်ကင်းင်နဲ့အတူ လာထိုင်တော့တာ ဖြစ်လေတယ်...

မီနာ ဘယ်လောက်တောင် နေရခက်နေရသလဲဆိုတာ ကောင်းစွာ သတိထားမိလျက်သာပဲ သြရိုမန်ဟာ ဒေါသထွက်နေပေမယ့် တိတ်ဆိတ်စွာသာနေလိုက်ရတော့တယ်... ဒီမိန်းကလေးဟာ သူ့အခန်းဖော်အပေါ် အခုထိခံစားချက်တွေရှိနေသေးတုန်းလို့ သူထင်နေတဲ့အတွက် ဒါကို သူနည်းနည်းလေးမှ မနှစ်သက်လေဘူး...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ