အခန်း၅- သြရိုမန်

20.8K 1.9K 21
                                    

Zawgyi

"ဟေး... ကြည့်ကြစမ်း... အမှတ်တွေဒီနေ့ထွက်လာပြီ..."

တန်ဖိုးကြီးမားလှတဲ့ဧက ၈၀၀ကျယ်တဲ့ ပုဂ္ဂလိကကျောင်းရဲ့ ၀န်းကြီးထဲကို ၀င်ဖို့ အဓိကမိန်းဟောလ်ခန်းမနှစ်ခု ရှိလေတယ်... တစ်ခုဟာတော့ Vert လို့ အသိများပြီးတစ်လွှာလုံးမှာ ကြမ်းခင်းကနေ မျက်နှာကျက်အထိ အနက်ရောင် screen မော်နီတာတွေနဲ့ပြည့်နေလေတယ်... ကျောင်းသားတွေအားလုံးဟာ အဆင့်၊ နာမည်နဲ့ ရမှတ်တွေကို ဖော်ပြထားတဲ့ ဒီအနက်ရောင် မျက်နှာပြင်နားမှာ စုဝေးနေကြလေတယ်... အားလုံးဟာ ထိပ်ဆုံးဆယ်ယောက်မှာ ဘယ်သူတွေပါလဲဆိုတာကိုသာ အရင်ကြည့်ကြတာဖြစ်လေတယ်...

ကျောင်းသား၊ ကျောင်းသူတွေကြားထဲမှာတော့ မီနာဟာ တိတ်တဆိတ်သာရပ်နေရင်း သူမဟာ နံပတ် ၆ ဖြစ်တဲ့ သူမရဲ့ အကြိုက်ဆုံး နံပါတ်ကို မော့ကြည့်လိုက်လေတော့တယ်... သူမရဲ့ မျက်နှာဟာ ဖတ်ရခက်တဲ့ အမူအရာတွေနဲ့သာ ပြည့်နေပေမယ့် စိတ်ထဲမှာတော့ သူမကျေနပ်လှလေတယ်... သူမကြည့်ချင်တာကို ကြည့်လိုက်လို့ အပြီးမှာတော့ မီနာဟာ မှတ်စုစာအုပ်တွေကိုသာ လက်မှာသယ်ရင်း ပုံမှန်အတိုင်းထွက်သွားလေတော့တယ်...

"သူကဘယ်သူလဲ???..."
မီနာထွက်သွားတာနဲ့ တီးတိုးပြောဆိုသံတွေပေါ်လာတော့တယ်...

"မီနာရိမ်းန်... ဒုတိယနှစ်က..."

"ဒုတိယနှစ်??? ခဏလေး... သူက အဆင့်၆ မဟုတ်လား???..."

တကယ်က တတိယနှစ်တွေသာလျှင် ထိပ်ဆုံးဆယ်ယောက်ကို ၀င်နိုင်ခဲ့တာမို့ သူမနံပတ် ၆ ကလွဲရင် ကျန်တဲ့ ထိပ်ဆုံးဆယ်ယောက်ဟာ တတိယနှစ်တွေပါပဲ... အထင်ကြီးလေးစားမှုတွေနဲ့အတူ ကျောင်းသား၊ ကျောင်းသူတွေဟာ အခုလေးတင်ထွက်သွားတဲ့ မိန်းကလေးကို လှမ်းမျှော်ကြည့်ကြလေတော့တယ်... ဘယ်သူကမှ သူမ ဒုတိယနှစ်ကဆိုတာ မှတ်မိနေပုံမပေါ်လေဘူးး...

"သူကအမြဲ ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ခဲ့တာလား???..."

"ထင်... ထင်တာပဲလေ..."

"ဒါဆို ဘယ်တုန်းကမှ ငါတို့သတိမထားမိရတာတုန်း??..."

"သူက တော်တော်လေး တိတ်ဆိတ်နေတတ်ပြီး ကိုယ့်ဘာသာနေတတ်တာလေ... မင်းတို့ သတိမထားမိဘူးဆိုတာ ဖြစ်နိုင်တာပဲ..."

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now