အခန်း၁၀- သြရိုမန်

19.2K 1.8K 16
                                    

Zawgyi

"ကိုယ့်သူငယ်ချင်းတွေအားလုံး မင်းကို သဘောကျကြတယ်..."

သြရိုမန်နဲ့ မီနာနှစ်ယောက်ထဲကျန်ခဲ့ကြတဲ့အခါမှာတော့ ဒီကောင်ဆိုးလေးဟာ သူမ သိပြီးသားအချက်အလက်ကို ချက်ခြင်းဆိုသလို ထုတ်ပြောတော့တာဖြစ်လေတယ်... သူ့သူငယ်ချင်းတွေ သူမကို သဘောကျကြမှာသေချာပါပဲ... မီနာဟာ ဒီလိုဖြစ်လာအောင် ဇာတ်ကို ကပြခဲ့ရတာမဟုတ်ပါလား...

"အဲ့ဒါဘာအရေးကြီးလို့လဲ???..."
မီနာဟာ ဘာမှ ထူးမခြားသလိုမေးလိုက်တယ်...

"အရေးကြီးတာပေါ့..."
သြရိုမန်ဟာ သူမထွက်သွားမှာကို ပိတ်ကာတားလိုက်လေရင်း သူမရဲ့လက်တွေကို ဆွဲကိုင်လိုက်လေတယ်...
"ဒါက အရေးကြီးကိုကြီးတယ် ..."

"ရှင်..."
မီနာဟာ သြရိုမန်ကိုမော့ကြည့်လိုက်လေရင်း သူ့ရဲ့ မျက်နှာအမူအရာကို အကဲခတ်လေတယ်...

"မီနာ..."
သြရိုမန်ဟာ ခေါင်းကိုငုံ့လာရင်း နမ်းတော့မယ့်ဟန်ပြုလေတယ်...

မီနာ့ မျက်လုံးဟာရုတ်တရတ် ဖျတ်ကနဲလက်သွားလေတော့ရင်း သြရိုမန်ကို တွန်းထုတ်လိုက်လေတယ်...

"အက်စ်တာ..."
မီနာဟာ သြရိုမန်ရဲ့ မျက်ဝန်းထဲက မှောင်မိုက်လှတဲ့ အရိပ်အငွေ့တွေကို မမြင်မိလိုက်လေပဲ ထိတ်ပြာလှစွာနဲ့ ထိုသူ့ အနားကနေ ခွာလိုက်လေတယ်...

သြရိုမန်ဟာ မီနာ့ကိုနမ်းဖို့ကြိုးစားနေချိန်မှာ အက်ရှ်လီဂျိုင်းလ်ဟာ သူမရဲ့အတန်းသွားဖို့ရာ ဦးတည်နေတာဖြစ်လေတယ်... ဒီမြင်ကွင်းဟာ သူမရဲ့ နှလုံးသားကို ဒေါသတွေနဲ့အတူ ပေါက်ကွဲထွက်သွားစေလေတော့တယ်...

"ရွံဖို့ကောင်းတယ်..."
အက်ရှ်လီဂျိုင်းလ်ဟာ သူမဘာကြောင့် ဒေါသထွက်နေသလဲဆိုတာ ကောင်းကောင်းနားမလည်လိုက်ခင်မှာပဲ မီနာ့ကို ပုတ်ခတ်ပြောဆိုမိဖို့ရာ မထိန်းထားနိုင်လေတော့ဘူး...

မီနာ့မျက်လုံးတွေထဲမှာ ၀မ်းနည်းမှုနဲ့ ရှက်ရွံ့မှုတွေဟာ ပြည့်နှက်လာလေတော့တယ်... သူမအပေါ် ကမ္ဘာကြီး ပြိုကြလာသလိုမျိုး ပုံစံနဲ့ မီနာခေါင်းငုံ့သွားတာကို သြရိုမန် တွေ့လိုက်ရလေတယ်... ဒေါသတွေနဲ့ ဆူပွက်လာတာမို့ သြရိုမန်ဟာ အက်ရှ်လီဂျိုင်းလ်ကို လှည့်ကြည့်လိုက်လေတယ်... သူ ရှေ့တိုးသွားပြီး သူမရဲ့ ကျောင်းဝတ်စုံ အပေါ်ထပ်ရဲ့ ကော်လံကို ဆွဲညှစ်လိုက်ချိန်မှာ အက်ရှ်လီဂျိုင်းလ်ဟာ ထိတ်လန့်သွားလေတော့တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now