Interview

11.8K 920 31
                                    

ဒီအပိုင်းက တကယ်က Arc 4 ပြီးတော့လာတာပေမယ့် လက်ရှိနောက်ဆုံးပြန်ဖြစ်တာက Arc 3 ဆိုတော့ ဒီမှာပဲလာထည့်လိုက်မယ်နော်....
________________

Interview

ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်း (Pick the Second Male Lead) ကအဓိက ဇာတ်လိုက်ဖြစ်သူနဲ့ အင်တာဗျူးထားတဲ့ အထဲမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါတယ်... အင်တာဗျူးပေးသူကတော့ Bob ပါပဲ...

Bob: ဒီအထူးအစီအစဉ်လေးဆီသို့ စာဖတ်သူအားလုံးကို ကြိုဆိုပါတယ်ခင်ဗျာ... ကျွန်တော့်ဘေးမှာ ရှိနေတာကတော့ ဒီ ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်းဆိုတဲ့ (Pick the Second Male Lead) PTSML ရဲ့ အဓိကဇာတ်လိုက်ဖြစ်ပါတယ်...

MC: Bob ကျေးဇူးပြုပြီး... ရှင်နဲ့ ငါက ဘေးချင်းကပ်ရှိနေတာမဟုတ်ဘူးလေ... နည်းပညာအရပဲ ဆက်သွယ်ထားတာမဟုတ်လား... ရှင်က တကယ်က ငါ့ခေါင်းထဲက ရူးကြောင်ကြောင် အသံသက်သက်ပဲကို...

Bob: ...

MC: ဘာပဲဖြစ်ဖြစ် အင်တာဗျူးကိုပဲဆက်မေးပါ... နောက်ဂိမ်းမစခင် အချိန်သိပ်မရှိတော့ဘူး...

Bob: (သက်ပြင်းချသံ) မင်းအကြောင်း နည်းနည်းလောက်မပြောချင်ဘူးလား???

MC: ဘာပြောပေးရမှာလဲ??? ငါက အပျင်းထူတဲ့သူဆိုတော့ကာ...

Bob: (ပို၍ ကျယ်လောင်စွာ သက်ပြင်းချသံ) ကောင်းပြီလေ... ပြန်စပြောကြမယ်... မင်းနာမည် ဘယ်လိုခေါ်လဲ??? စာဖတ်သူတွေ သိချင်နေကြမယ်လို့ ငါထင်တယ်...

MC: MC လေ

Bob: ...MC... ??

MC: ဟုတ်တယ်လေ...

Bob: တကယ်လား?... ဒါက တကယ် မင်းနာမည်လား???...

MC: ဟုတ်တယ်ဆိုနေ...

Bob: ကောင်းပါပြီ... မင်းအကြိုက်ဆုံးအရောင်က???

MC: ပန်းရောင်...

Bob: အစားအစာ...

MC: ကော်ဖီ

Bob: ကော်ဖီကစားစရာလို့ ငါမထင်ဘူး...

MC: ငါ့အတွက်က စားစရာပဲ...

Bob: (သက်ပြင်းချသံ) အကြိုက်ဆုံး ကိန်းဂဏန်း...

🎉 You've finished reading 5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်) 🎉
5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now