#2

1K 80 11
                                    

{Zawgyi}

သူက ကျွန်တော့်ရှေ့မှာဝင်ထိုင်တယ်။ ထမင်းကြော် ကြက်ဥနဲ့စားနေတယ်၊ ည၁၀နာရီကြီးဗျာ။ နည်းနည်းတော့ အံ့ဩမိတယ်။ ကျွန်တော်က တော့မုန့်ဟင်းခါးရယ် ရေနွေးကြမ်း ပူပူရယ်နဲ့သုံးဆောင်နေတယ်။ သူကပဲ စပြောပါတယ်...

"အကို့ကို...အဲ့ ညီ့ကိုနင်းမိသွားတယ်၊ နာသွားလား...ဆောရီးပါဗျာ"

"ရပါတယ် ဘာမှမဖြစ်ပါဘူး၊ မတော်တဆပဲ" အခုမှ သူ့ကိုသေချာကြည့်မိသည်။ သူက ရှမ်းတရုတ်ပုံစံလေးဗျ။ မျက်နှာက ဖြူဖွေးဥနေသည်၊ ပါးတွင်လည်း အမွေးစိမ်းလေးများ ယှက်နေသည်၊ နှာခမ်းက နီသည်၊ သွားက မညီပင်မယ့် ဖြူသည်။ နှာခမ်းမွေး မုတ်ဆိတ်တို့က ရိတ်ထားပုံရသည်။ ဇွန်း ခက်ရင်းကိုင်ထားသော လက်များမှာ ဖြူပြီးသွေးကြောစိမ်းလေးများ ထနေသည်။ အရပ်အမောင်း မြင့်သည်၊ ကျွန်တော့်ထက်မြင့်သည်။ ၅ပေ၁၁ လောက်ရှိမည်။ အကျီက တီရှပ် အဝါနုရောင်နဲ့ အပေါ်က အပြာနု hoodie အနွေးထည်ဝတ်ထားသည်။ အောက်ကတော့ ခဲရောင် ပေါ့ပေါ့ပါးပါး အားကစားဘောင်းဘီမျိုး အရှည်ဝတ်ထားသည်။ အင်း... ဖက်ရှင် ကျအောင်ဝတ်တတ်သည်။ လူက လည်းချောသည်။ ကျွန်တော် တို့ကျောင်းတွင်ဆိုနှင်းဆီခိုင် ဖြစ်နေပေလိမ့်မည်။

"အကိုလား ညီလား တော့မသိဘူး၊ ကျွန်တော့်အသက်က ၂၀ပါ၊ နာမည်က စိုင်းစော်မျိုးပါ...ကိုစိုင်းလို့ခေါ်လို့ရပါတယ်"

"ဪ အကိုပေါ့၊ ကျွန်တော်က သီဟဇော်ပါ...၁၈ပြည့်ပြီးပါပြီ။"

"ညီ...အဲဒါနဲ့...တစ်ယောက်ထဲလား...မန္တလေးပြန်တာလား" သူ့အသံမှာ တိုင်းရင်းသားပေမယ့် သိပ်မဝဲ၊ နားလည်လွယ်သည်။...ပြီးတော့...နားထောင်လို့ လဲကောင်းသည်။...

"မဟုတ်ဘူး ခင်ဗျ၊ မန္တလေးအလယ်သွားတာပါ" သူကျွန်တော့် ကို အံ့ဩသော မျက်လုံးတွေနဲ့ ကြည့်နေသည်။

"ငယ်ငယ် လေးရှိသေးတယ်၊ တစ်ယောက်ထဲ ခရီးသွားရတာ မကြောက်ဘူးလား"

"မ​ကြောက်​ပါဘူး ဟဲဟဲ"

"အကို က မန္တလေးပြန်တာ၊ မန္တလေးမှာ ကျောင်းတက်လို့ အဒေါ်နဲ့နေတယ်၊ မိဘတွေက ရန်ကုန်မှာ။...ညီရော"

A Travel Love Story {Complete!!!}Donde viven las historias. Descúbrelo ahora