#9

621 55 6
                                    

{Zawgyi}

ဆိုင်ကယ်လေးသည် မန္တလေးမြို့ပြင်သို့ ဦးတည်နေသည်။ ဆိုင်ကယ်ပေါ်တွင်တော့ ကောင်လေးနှစ်ယောက်။ တစ်ယောက်က အသားဖြူဖြူ ရှမ်းတရုတ်ရုပ်ကလေးနှင့်၊ မျက်လုံးမျက်ခုံးတို့က အပြစ်ကင်းစင်သော ကလေးသဖွယ် ကြည်လင်သည် စူးရှသည်၊ နှုတ်ခမ်းမွေး စစနှင့် ကိုယ်လုံးကိုယ်ထည်တောင့်တင်းသည်၊ အရပ်ရှည်သည်၊ ရှပ်လက်ရှည်အဖြူရောင်နှင့် ပိုးချည်ရောသော အပြာရင့်ရောင် ပုဆိုးကိုဝတ်ထားသည်၊ သူက ဆိုင်ကယ်ကို မောင်းနေသည်။ အနောက်က ကောင်လေးကတော့ ရှေ့က ကောင်လေးလောက်မဖွေး၊ သို့သော် သန့်သန့်ဖြူသည်၊ နှုတ်ခေါင်းသေးသေး ပါးစပ်သေးသေး ပန်းရောင်သန်းနေသော နှုတ်ခမ်းဖူးဖူး ရှေ့ကျနေသော ဆံပင်အုပ်ကလေးနှင့် ချစ်စဖွယ်ကောင်းသည်၊ အသားပြေပြေလတ်လတ်ဖြင့် ကျန်းမာသန်စွမ်းသောပုံစံရသည်၊ အဝါသန်းသော အဖြူရောင်ရှပ်လက်ရှည်နှင့် ရွှေဝါနုရောင် ပုဆိုးတို့ကိုဝတ်ထားသည်။ ဆိုင်ကယ်လေးသည် ရန်ကုန်မန္တလေး အမြန်လမ်းမှတဆင့် ကျောက်စိမ်းဘုရားဆီသို့ ဦးတည်သွားသည်။ နှစ်ယောက်လုံး ပျော်ရွှင်နေပုံရသည်။ သို့သော် လွမ်းဆွတ်သော စိတ်လေးက ယှက်နေသည်။

ဘုရားပေါ်ရောက်တော့ တစ်ပတ်ပတ်ကြသည်။ အထွေထွေဟု ရေးထားသော အလှူခံပုံးထဲ အလှူငွေထည့်သည်။ အတူတူ ဘုရားရှိခိုးကြသည်။ ကျွန်တော်ကတော့ တစ်သက်လုံး ကိုစိုင်းနှင့် စိတ်ချမ်းသာစွာ နေနိုင်ရန်ဆုတောင်းလိုက်သည်။ ပြီးတော့ နောက်တစ်ပတ်ထပ် ပတ်ကြသည်။ အမှတ်တရ ဓာတ်ပုံရိုက်ရန်အတွက် ဘုရားဖူးတစ်ယောက်ကို အကူအညီတောင်း၍ ကျွန်တော့်ကင်မရာ နှင့်ရော ကိုစိုင်းဖုန်းနှင့်ပါ နှစ်ယောက်သား ပုခုံးဖက်၍ ဓာတ်ပုံရိုက်ကြလေသည်။ ဘုရားက တော်တော် သပ္ပာယ်သည်။ ကျောက်စိမ်းသက်သက်ဖြင့် တည်ထားသည်။ ကျောက်စိမ်းအနှစ်သားများကို ထာပနာထားသည် ဟုရေးထားသည်။ ဘုရားနှင့် ရင်ပြင်ပတ်ပတ်လည် မီးများမှာ လင်းထိန်ပြီး စိမ်းစိမ်းစိုနေသည်။ ကျွန်တော်တို့ ဘုရားအပြင်ပတ်ပတ်လည် ဈေးဆိုင်တန်းများကို ပတ်ကြည့်ကြသည်။ ကျွန်တော်က ကျောက်စိမ်းပုတီးဝယ်သည်။ ကိုစိုင်းက လည်း ဟိုဆိုင်ကြည့်ဒီဆိုင်ကြည့်နှင့်၊ ကျွန်တော် ပုတီးဝယ်တော့ လိုက်ရွေးပေးသည်။ သို့နှင့် ဝအောင် ပတ်ပြီးတော့ အိမ်ပြန်လာကြသည်။

A Travel Love Story {Complete!!!}Where stories live. Discover now