#10 Final

1.3K 128 45
                                    

{Zawgyi}

နောက်တစ်နေ့ ကျတော့ ကျွန်တော့တို့ နောက်ကျမှထကြသည်။ နိုးတာက အစောကြီး နိုးသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်လိုက်နမ်းလိုက် ကလိလိုက်ဖြင့် ကြည်နူးနေကြ၍ ဖြစ်သည်။ မနက်စာစားပြီးတော့ ညကားအတွက် ကားလက်မှတ်သွားဝယ်ကြသည်။ ကိုစိုင်းက ကျွန်တော့ အတွက် VIPကား ကို တစ်ယောက်ခုံဘက်ခြမ်းဝယ်ပေးသည်။

"ဘာလဲ ကားစီးရင်းနဲ့ ဘေးခုံမှာ ကိုစိုင်းနောက်တစ်ယောက်ထပ်တွေ့မှာ စိုးလို့လား"

"အင်းပေါ့၊ ဘေးခုံက ဘယ်သူမှန်းလဲမသိဘဲနဲ့၊ ကိုယ့် ချစ်လေး ကောင်းကောင်းအိပ်လို့မရရင် ဘယ်လိုလုပ်မလဲ" ဆိုပြီး ကျွန်တော့်ခေါင်းကို ပုတ်ကာ ကားလက်မှတ်ဖြတ်လိုက်လေသည်။

ကားလက်မှတ်ဝယ်ပြီးတော့ ရန်ကုန်အတွက် လက်ဆောင်ပစ္စည်းများကို လိုက်ဝယ်ပေးသည်။ လမုန့်၊ ထိုးမုန့်များ ကို ဈေးချိုတွင် သွားဝယ်ကြသည်။ ပြီးတော့ ရုပ်ရှင်ဝင်ကြည့်ကြသည်။ ရုပ်ရှင်က "From Bangkok to Mandalay" ရုံထဲမဝင်ခင် ပေါက်ပေါက်စုပ် ဝယ်ကြသည်။ ရုပ်ရှင်ရော ပေါက်ပေါက်ရော သူပဲ ပိုက်ဆံရှင်းသည်။

"အကုန်လုံး အကိုပဲ ရှင်းနေတော့ အားနာစရာကြီး"

"ဟာ ချစ်လေးကလည်း ကိုယ့်မိန်းမဘဲကို"

"မိန်းမ မဟုတ်ပါဘူး၊ ယောင်္ကျားပါ"

"နှစ်ယောက်လုံး ယောင်္ကျားမှလုပ်လို့မရတာ၊ တီတီး က မိန်းမလုပ်လိုက်"

"အာ့ဆိုလဲ အိမ်ရောက်မှ ခေါ်ချင်တာခေါ် ၊ လူကြားထဲမှာ ကျတော့ မကောင်းဘူးလေ ... မခေါ်နဲ့ "

"ပြီးတာဘဲ စိတ်မဆိုးပါနဲ့ ကွယ်၊ နောက်မခေါ်တော့ဘူး။ တကယ်က အကို က တီတီး အတွက် အကုန်ရှင်းပေးချင်တာ၊ အကို့အတွက်က အခုမှသုံးစရာ ရှိတော့တယ်၊ ပြီးတော့ တီတီးအတွက် ကိုယ် သုံးရရင် ကိုယ်လဲ စိတ်ချမ်းသာတယ်။ အဲ့တော့ တီတီး အတွက်ရှင်းတာက ကို့ စိတ်ချမ်းသာဖို့အတွက်လဲပါတယ်"

"နောက်မှဘဲ အဲ့ ကိစ္စရှင်းတော့မယ်၊ အခုရုပ်ရှင်စတော့မယ် ... Trailer ထဲမှာ ကစ်လေး ချစ်စရာလေး"

"ဪ ... ဒီလိုမှန်းမသိ အင်္ဂ လိပ်ကား ကြည့်ပါတယ်၊ အကို့ ထက်ပိုချစ်တယ်ပေါ့ ကစ်ကို"

A Travel Love Story {Complete!!!}Waar verhalen tot leven komen. Ontdek het nu