#4

720 62 14
                                    

{Zawgyi}

အိမ်ရောက်တော့ ဒေါ်လေးဝေက

"သားတို့ဘာတွေစား ခဲ့ကြသေးလဲ"

"အအေးဆိုင်ထိုင်ခဲ့တယ် ဒေါ်ဒေါ်" ကိုစိုင်းက ပြန်ပြောလိုက်သည်။

"အလို ထူးဆန်းလှချေလား၊ ဝက်သားတုတ်ထိုးဆိုင် မဖွင့်ဘူးလား"

"ဖွင့်ပါတယ်၊ မစားချင်လို့"

"အမယ်၊ ငါထီထိုး ရမယ်တော့်...ကိုစိုင်းက ကျုံးဘက်ရောက်ရင် ဝက်သားတုတ်ထိုး အမြဲစားတယ်။ ဒီတစ်ခေါက်မစားဘူး..." ဪ...ကျွန်တော် အအေးဆိုင်ထိုင်လို့ သူဝက်သားတုတ်ထိုး မစားတာဖြစ်မည်။ ဘယ်လိုကြောင့်များလဲကွယ်...

ထို့နောက်၃ယောက်သား ထမင်းစားကြသည်။ ထုံစံအတိုင်း ဒေါ်လေးဝေလက်ရာကတော့ ထမင်းစားမြိန်လှသည်။ ထမင်းစားပြီးနောက် ဒေါ်လေးဝေက ကိုးရီးယားကားကြည့်နေသည်။ ကျွန်တော်တို့လဲ အပေါ်တက်လာကြသည်။ သူ့အခန်းထဲရောက်တော့ သူက ကျွန်တော့်ကိုပုခုံးလာတိုက်ပြီး ပြုံးစိပြုံးစိနဲ့ ...

"ဆရာရေ shareပါအုန်း"

ကျွန်တော်လည်း ဓာတ်ပုံကိုနည်းနည်းပါးပါး အလင်းအမှောင်ချိန်edit လုပ်ပြီး shareပေးလိုက်တယ်။ ကိုယ်တော်က ဘာတွေလုပ်နေလဲ မသိဘူး၊ ကုတင်ပေါ်တွင် သူ့ဖုန်းနဲ့သူ အလုပ်တွေရှုပ်နေသည်။ ကျွန်တော်လည်းလုပ်စရာရှိသည်၊ ကျွန်တော်ရိုက်ထားသော ကျုံးပုံကို edit လုပ်၊ စိတ်တိုင်းကျဖြစ်ပြီးမှ...facebookပေါ်တင်သည် instagramပေါ်တင်သည်။ ခေတ်မှီအောင်လဲ my day တွင်တင်ရသေးသည်၊ ယခုတလော my day ကခေတ်ထနေသည်မဟုတ်လား။

ကိုယ်တော့်ကို ကြည့်တော့၊ ပြုံးဖြီးဖြီးနဲ့...နောက်ကျွန်တော်ကြည့်နေတာကို သိသွားပုံရသည်။ ကုတင်ပေါ်မှဆင်း၍ ကျွန်တော့်မွေ့ရာပေါ်လာထိုင်သည်။

"ဒီမှာလေ...profile change ပြီးတော့ like တွေအများကြီးရတယ်။ comment တွေလဲအများကြီးပဲ...အဲဒါ reply ပြန်နေတာ။ ညီ့ အကောင့်ပြော၊ addလိုက်မယ် mention လုပ်လို့ရအောင်"

ကျွန်တော်လဲ သူ့ဖုန်းကိုယူ၊ ကျွန်တော့် အကောင့်ကိုရှာပြီးadd လိုက်သည်။ သူ့အကောင့်က စိုင်းစော်မျိုး(ကိုစိုင်း) တဲ့ friend ၂၀၀လောက်သာရှိသည်။ သူကတော့ commentတွေကို replyပြန်ရင်းပျော်နေသည်။ ကျွန်တော်ကတော့် သူ့ရဲ့ပါးချိုင့်လေးနဲ့ အပြုံးကိုကြည့်၍ ပျော်နေမိသည်၊ ထိုအပြုံးမျိုးကိုပဲ နေ့တိုင်းမြင်ချင်မိပါဘိသည်။

A Travel Love Story {Complete!!!}Where stories live. Discover now