{Zawgyi}
ည၁၁နာရီလောက်ထိုးနေပြီ ဖြစ်၍ ကျွန်တော်တို့ တိုးတိုးတိတ်တိတ်လေး အိမ်ထဲဝင်ပြီးအပေါ်တက်ခဲ့ကြသည်။ အခန်းထဲသို့ကျွန်တော် သူ့နောက်လိုက်ဝင်ခဲ့သည်။ အခန်းထဲရောက်တော့ သူက လော့က်ခ်ချလိုက်သည်။
"ဒေါ်လေးဝေ ဝင်လာရင် ဘီယာနံ့ရမှာစိုးလို့"
"ဟုတ်၊ မအိပ်ခင်သွားတိုက်လိုက်မယ်လေ"
"တီတီးအရင်တိုက်လိုက်" ကျွန်တော်က သွားတိုက်မျက်နှာသစ်လိုက်သည်။ ထွက်လာတော့ ကိုစိုင်းက စွပ်ကျယ်လက်ပြတ်အဖြူရောင်နှင့် ဘောလုံးဘောင်းဘီတိုအနီရောင်တို့ကို လဲနှင့်ပြီးဖြစ်သည်။ ကျွန်တော်လဲ ဂျိုင်းပြတ်အင်္ကျီအဖြူရောင်နှင့် ဘောင်းဘီအပွသားအစိမ်းရောင်တို့ကိုလဲ လိုက်သည်။ ကိုစိုင်းပုံမှာ မူးနေပေမယ့်လဲ ဘာလုပ်ရမလဲသိသည်၊ လုပ်စရာရှိသည်တို့ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်သည်။
ကျွန်တော်လည်း ကျွန်တော့်အိပ်ရာပေါ်လှဲအိပ်နေရင်း ကိုစိုင်း သွားတိုက်သံကို ကြားနေရသည်။ ၅မိနစ်လောက်ကြာမှ ကိုစိုင်းထွက်လာသည်။ မျက်နှာပေါ်တွင် ရေစက်လက်နှင့်၊ မျက်နှာပါသစ်ခဲ့ပုံ ရသည်။ ခြေထောက်ကိုလည်း ခြေသုတ်အဝတ်နှင့် ခြေသုတ်နေသည်။ ထို့နောက် ကိုစိုင်း ရေချိုးခန်းမီးပိတ်လိုက်သည်။ အခန်းမီးလည်းပိတ်လိုက်သည်။ ပြီးမှ အခန်းမီးပြန်ဖွင့်၍ ကျွန်တော့်ကို စိုက်ကြည့်နေသည်၊ ပြူးကြည့်နေပုံရသည်။ ကျွန်တော်က သူဘာလုပ်နေလဲ တောက်လျှောက်လိုက်ကြည့်နေမိသည်၊ အလိုလိုကြည့်နေမိပြီး ... ကြည့်လို့လည်းကောင်းနေသည်။ ကိုစိုင်းကျွန်တော့်ကို ကြည့်နေပုံမှာ ကျွန်တော်အိပ်ပြီလား မအိပ်သေးဘူးလား စူးစမ်းနေပုံ ရသည်။
"တီတီး အိပ်သွားပြီလား" ကိုစိုင်းက လေသံလေးဖြင့် ကျွန်တော့်ကိုမေးနေသည်၊ ကျွန်တော်အိပ်ပျော်သွားခဲ့ လျှင်လည်းနိုးသွား မှာ ကြောက်နေပုံရသည်။
"အိပ်မပျော်သေးဘူး ကိုစိုင်း"
"ဪ ... မီးဖွင့်ပြီးအိပ်ချင်လား မီးပိတ်ပြီးအိပ်ချင်လား" ဟုတ်သားပဲ၊ မနေ့ညက ကျွန်တော်တို့မီးဖွင့်ပြီးအိပ်ခဲ့ ကြသည်။ အိမ်မှာဆို ကျွန်တော်က မီးပိတ်ပြီးအိပ်နေကြဖြစ်သည်။
![](https://img.wattpad.com/cover/170024514-288-k421950.jpg)
YOU ARE READING
A Travel Love Story {Complete!!!}
Romanceသူက မန္တလေးသား ... ကျွန်တော်က မန္တလေးကို အလယ်သွားခဲ့သူတစ်ယောက် ငယ်ရွယ်တယ်၊ နုပျိုတယ်၊ အချစ်ကြီးတယ် ...ဒါပေမယ့် ရှက်တတ်တယ်၊ အားငယ်တယ်၊ အထီးကျန်တယ်။ လောကဓံနဲ့ ကံကြမ္မာ၊ လောကကြီးက မတရားတာလား၊ ဘဝက အပြစ်လား၊ အချစ်က ဆုလာဒ်လား။ ကျောက်စိမ်းလက်စွပ်ကလေးကို ကျွန်...