အပိုင်း - ၆💙

35.4K 2.8K 174
                                    

၆လပိုင်း ၉ရက်နေ့ ဤနေ့သည်​​အောင်စာရင်းထွက်မှာဖြစ်သည့်အတွက် ယံယံတစ်ယောက်ထိုင်ရမလိုထရမလိုဖြစ်နေသည်။ ယံယံ မနက်ကတည်းကထိုင်မရ ထမရဖြင့် မျောက်မီးခဲကိုင်သလိုဖြစ်နေသည်က အခုထက်ထိပင်။

"ယံယံ ထိုင်နေပါ ... လာ ဦးဘေးနားလာထိုင်"

မင်းဝေယံလေး လှစ်ခနဲ စိုင်းမင်းနောင်ဘေးနားရောက်လာသည်။

"ဦး ယံယံရင်တွေတုန်နေပြီ"

စိုင်းမင်းနောင်၏လက်ကိုဆွဲယူပြီး သူ့ရင်ဘတ်ပေါ်တင်ပြီး သူရင်ခုန်သံတွေမြန်နေတာကို စမ်းကြည့်ခိုင်းပြန်သည်။

"မတုန်ပါနဲ့ ... ယံယံကတော်ပြီးသားပဲဟာ ... ဖြေနိုင်ခဲ့တယ်မလား"

"ဖြေတာတော့ဖြေနိုင်ခဲ့တယ် ... ဒါပေမဲ့ အခုအခြေအနေကလေ အိမ်သာပဲသွားချင်သလိုလို ရှူးပဲပေါက်ချင်သလိုလိုဖြစ်နေပြီ"

"စိတ်ကိုအေးအေးထား ... ယံယံကအောင်မှာ ဟုတ်ပြီလား"

ဘာမပြောညာမပြောနဲ့ ရင်ခွင်ထဲအတင်းတိုးဝင်လာသောကြောင့် စိုင်းမင်းနောင်မျက်လုံးပြူးသွားရသည်။

"ယံယံတကယ်အောင်မှာပါနော် ဦး"

"အင်း ... အောင်မှာ"

အပြင်ပန်းမှာသာရုပ်တည်နဲ့နေနေသည့်စိုင်းမင်းနောင်၏ရင်ထဲကအကောင်ငယ်ကလေးသည် ခုန်ပေါက်ပျော်မြူးနေသလိုပင် သူခံစားလိုက်ရသည်။ သူရင်ခုန်သွားတာလား။ သူကလေးလေးအပေါ် ဒီမင်းဝေယံလေးအပေါ် အခြားစိတ်များရှိနေလို့ အခုလိုရင်ခုန်နေရတာများလား။ သူဘာတွေဖြစ်နေရတာပါလိမ့်။

"ဦး ယံယံတော့သေတော့မယ်ထင်ပါတယ် ... လုပ်ပါဦး ... ယံယံရင်တွေအရမ်းခုန်လွန်းလို့လေ ကလီစာတွေတောင်ထွက်လာတော့မလိုခံစားနေတယ်"

"ဦးပြောပြမယ် ... ယံယံလေးအဖြေတွေပြန်တိုက်တုန်းကတောင် ဖြေခဲ့တာတွေကအောင်မှတ်တွေတောင်ကျော်နေပြီလေ ... ဂုဏ်ထူးပါမပါဘဲစောင့်ကြည့်ရမှာပေါ့"

အမေဖြစ်သူမှာတော့ လူတွေအများကြီးကြားထဲမှ သူမသားလေး၏နာမည်ကို အောင်စာရင်းတွင်တိုးဝှေ့ပြီးသွားကြည့်နေသည်။

Yan Yan's Oo💙Where stories live. Discover now