မင်းခန့်နဲ့နန်းရတီတို့တိုက်ခန်း၌စိုင်းမူးရူးနေစဉ် အိမ်ရှေ့မှ
တစ်စုံတစ်ယောက်ကBellတီးလာသည်။
ထို့ကြောင့်နန်းရတီ တံခါးဖွင့်ကြည့်လိုက်သည်။
နန်းရတီမျက်လုံးပြူးသွားရပြီးစိုင်းကိုအခန်းထဲသွားပို့နေသော
မင်းခန့်ကိုခေါ်လိုက်သည်။"ကိုရေ!!!!"
"လာပြီ ဘာဖြစ်လို့ ........"
မင်းခန့်၏စကားမျးအစအနပျောက်သွားရသည်။
"ဘာတွေကြည့်နေကြတာလဲ အထုပ်တွေလာသယ်ပေးဦးလေ"
အိမ်ထဲသို့ဝင်လာသူက မင်းဝေယံပင်ဖြစ်သည်။
ပုံမှန်အတိုင်းတော့ ယံယံကလာလေ့ရှိသော်လည်း တစ်ရက်မှ
စိုင်းနဲ့မဆုံပါ။ယံယံနဲ့အဆက်အသွယ်ရှိသည်ကိုလည်း
စိုင်းကိုတစ်စုံတစ်ယောက်မှမပြောကြပါ။
ယံယံသည်လည်း စိုင်းနဲ့သာပြတ်သွားသည်။
နန်းရတီတို့နဲ့တော့အဆက်အသွယ်မပြတ်ပါ။
ယံယံကိုရီးယားသွားမည်ကိုလည်းနန်းရတီတို့မှတစ်ဆင့်
စိုင်းသိခဲ့ရခြင်းဖြစ်သည်။"ဟာ ယံယံ မဖြစ်ဘူး မဝင်နဲ့"
ယံယံကသူနေနေကျအခန်းလေးထဲကိုဝင်သွားသည်။
မင်းခန့်တားသော်လည်းမမီလိုက်ပါ။💭ဟာ အရက်နံ့ ဘယ်သူသောက်ထားတာလဲ။
ယံယံအခန်းမီးကိုဖွင့်ကြည့်လိုက်သည်။
"ဦး!!!"
ယံယံလက်ထဲကအထုပ်လည်းအကုန်ပြုတ်ကျသွားသည်။
ဦးမှဦးအစစ် ဒါပေမဲ့ ဦးပုံစံကအရင်ကလိုမဟုတ်ဘူး။
အရမ်းကိုစိတ်ပင်ပန်းနေသည့်ပုံစံဆိုတာယံယံကြည့်တာနဲ့
သိလိုက်ရသည်။"မမ ဦးက ?"
ယံယံမေးချင်တာကိုနန်းရတီသိသည်။
"ဒီမှာခဏလာထိုင် မမပြောပြမယ်"
ယံယံလည်း နန်းရတီအရှေ့တွင်ဝင်ထိုင်လိုက်သည်။
"ယံယံ ကိုကြီးကမင်းထင်သလိုမဟုတ်ခဲ့ဘူး
သူဖေဖေ့ကြောင့်သာစီစီ့ကိုလက်ထပ်ခဲ့တာ""အဲ့တာတွေကျွန်တော်သိတယ်မမ အခုကျွန်တော်သိချင်တာက
ဦးကဘာလို့ဒီကိုရောက်နေရတာလဲ သူ့အိမ်ကရော"
YOU ARE READING
Yan Yan's Oo💙