အပိုင်း - ၉💙

32.9K 2.5K 125
                                    

ယံယံတစ်ယောက် ညတုန်းကအိမ်မက်လိုလိုဘာလိုလို အကောင်ပဲကိုက်သွားသလိုလို သူ့နှုတ်ခမ်းလေးကနီနေသည်ကို မျက်နှာသစ်ရင်း သတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းကိုအကောင်ကိုက်သွားပါတယ်ဆိုပြီး မျက်နှာလေးကရှုံ့မဲ့မဲ့နဲ့ စိုင်းမင်းနောင်ဆီကိုအပြေးသွားပါတော့သည်။ သူ့စိတ်ထဲမှာ စိုင်းမင်းနောင်ကဆရာဝန်မို့ ဘာဖြစ်တာလဲဆိုတာသိနိုင်လေမည်ဟုတွေးရင်းသွားလိုက်သည်။

"ဦး ... ညတုန်းကလေ ယံယံ့နှုတ်ခမ်းကိုအကောင်ကိုက်သွားတယ်ထင်တယ် ... ဒီနားကိုကြည့် ဒီနားကနီနေတယ်"

ယံယံလေးကသူ့နှုတ်ခမ်းလေးကိုလက်နဲ့ထောက်ပြရင်းမေးလာသည်။ စိုင်းမင်းနောင်ဘယ်လိုပြန်ဖြေပေးရမလဲဆိုတာစဥ်းစားရင်းချွေးပြန်လာရလေသည်။ ကလေးကို သူဘယ်လိုအဖြေပြန်ပေးရမှန်း သူစဥ်းစား၍မရဖြစ်လာသည်။

"ဦး မေးနေတယ်လေ ကြည့်ပေးပါလို့ ... အဆိပ်တွေဘာတွေနဲ့ဆို ယံယံသေမှာစိုးလို့ပါ ... ကြည့်ပေးလို့"

"အင်းအင်း ကြည့်ပေးမယ် ... ဒီနားတိုး"

စိုင်းမင်း​နောင် ဒီနားတိုးဟု​ပြောလိုက်သည်ကို က​လေးငယ်က​ပေါင်​ပေါ်တက်ထိုင်ပါ​လေ​တော့သည်။ က​လေးငယ်သူ့​ပေါင်​ပေါ်​ရောက်လာသည်နှင့် စိုင်းမင်း​နောင်၏နှလုံးသားကအထိန်းအကွပ်မရှိ ခုန်လာပါ​တော့သည်။

"ဦး ကြည့်ပေးလေ ... ဘာတွေတွေးနေတာလဲ"

ဒီလူကြီးကိုဖြည်းဖြည်းချင်းအရည်ဖျော်ရမယ် ... တွေ့မယ် ရည်းစားစကားပြောသလိုလိုနဲ့အဖြေမတောင်းတဲ့ဟာကြီး

"အင်း ကြည့်ပေးမယ် ... ကိုယ့်အပေါ်ကဖယ်ပေးလေ ... ဒါကဆေးရုံကြီးမှာ မ​ကောင်းဘူး​လေက​လေးရဲ့ ... ဒီဘက်ခုံမှာထိုင်လေနော်"

စိုင်းမင်း​နောင်​ပြောသည်ကို ယံယံလက်မခံဘဲ ​ခေါင်းကိုတွင်တွင်ခါ​လေသည်။

"မထိုင်ချင်ပါဘူး ... ဦးပေါင်ပေါ်မှာပဲထိုင်ချင်တာ ... မဖယ်ပေးဘူး ဒီအတိုင်းကြည့်"

"အင်းပါ အင်းပါ ..."

စိုင်းမင်း​နောင် ရင်ခုန်သံ​တွေအရမ်းမြန်လာပြီး လက်တွေပါတုန်နေသလိုအသံတွေလည်းတုန်နေသည်။

Yan Yan's Oo💙Where stories live. Discover now