အပိုင်း - ၁၁💙

30.9K 2.3K 54
                                    

"သား ယံယံ ခဏလာဦး"

"ဟုတ် မေမေ"

မေမေ့မျက်နှာနည်းနည်းတည်နေသည်။

"သား မေမေမေးတာ အမှန်အတိုင်းဖြေနော်"

"ဟုတ်"

"သားနဲ့စိုင်းနဲ့က ဘယ်အခြေအနေထိရောက်နေပြီလဲ"

"ဗျာ!!!"

"မေမေ မေးချင်တာက တွဲနေကြတာလား အဲ့လိုလား"

မျက်လုံးစုံမှိတ် အံ့ကိုကြိတ်ပြီ ယံယံဖြေလိုက်သည်။

"ဟုတ် သားနဲ့ဦးကတွဲနေကြတာပါမေမေ"

မေမေ့ဆီမှရယ်သံသဲ့သဲ့လေးကြားလိုက်ရသည်။
မျက်လုံးကိုမှိတ်ထားတော့မေမေ့မျက်နှာကိုမမြင်ရ။
မေမေဘယ်လိုအခြေအနေရှိလဲယံယံမကြည့်ရဲ။

"သားရယ် မျက်လုံးဖွင့်ပါဦး ဘာလို့အတင်းမှိတ်ထားတာလဲ"

မျက်လုံးလေးတစ်ဖက်အရင်ဖွင့်ကြည့်သည်။

"မေမေ မဆူဘူးလားဟင်"

"ဆူတော့ဆူချင်တယ် ဒါပေမဲ့မေမေက သားရဲ့ရွေးချယ်
မှုကိုမတားချင်ဘူး"

"မေမေ ဦးကသားကိုတကယ်ဂရုစိုက်တယ် သားကိုချစ်လည်း
ချစ်တယ်သိလား အဲ့တော့မေမေကဦးကိုလက်ခံပေးမယ်မလား
ဟင်"

"အွန်!! မေမေစဉ်းစားပါရစေဦး"

"ဟင်!မေမေကဦးကိုသဘောမကျဘူးလားဟင်
ဘာဖြစ်လို့လဲ ဦးကယောကျာ်းလေးဖြစ်နေလို့လားဟင်"

"မဟုတ်ပါဘူးသားရယ် မေမေကသားအတွက်စိတ်ပူတယ်
သားတို့ကိုအပြစ်တင်ကဲ့ရဲ့ကြမှာမေမေကစိုးရိမ်လို့ပါ
သားရောသားရဲ့ဆုံးဖြတ်ချက်ကိုပြန်မပြင်တော့ဘူးလား"

"ဟင့်အင်း မပြင်တော့ဘူး သားဒီလမ်းကိုရွေးချယ်လိုက်ပြီ
ပြန်မကွေ့ချင်တော့ဘူး"

"အင်းပါသားရယ် မေမေ့ကိုတော့အချိန်နည်းနည်းပေးနော်
မေမေစိတ်ကိုအဆင်သင့်ဖြစ်အောင်ပြင်ဆင်ချင်လို့ပါ"

"ဟုတ်မေမေ အဲ့တာကြောင့်မေမေ့ကိုအရမ်းချစ်တာ အူးးးမွ"

"ဟုတ်ပါပြီ ကဲ ကျူရှင်သွားရမှာမလား သွားတော့"

Yan Yan's Oo💙Where stories live. Discover now