Part 21💙

28.2K 1.9K 99
                                    

စိုင်း မနက်နိုးလာတော့ ညကအဖြစ်အပျက်များသည်အိမ်မက်
လိုလို တကယ်လိုလို မသဲကွဲဘူးဖြစ်နေသည်။

"အား!ခေါင်းကိုက်လိုက်တာ"

"ကိုကြီး နိုးပြီလား ရော့ ပျားရည်လေးသောက်လိုက်"

"အွန် အေးပါကွာ ပေး"

ကိုကြီးရဲ့မျက်နှာကိုပဲ နန်းရတီလိုက်ကြည့်နေသည်။

"ဘာလဲ ဘာပြောမလို့လဲ ဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ"

"ကိုကြီး ငါ့ကိုမေးစရာလေးဘာလေးမရှိဘူးလား"

"အေး မေးစရာတော့မရှိဘူး ပြောစရာတော့ရှိတယ်
ညက ယံယံလာသွားတယ်"

နန်းရတီမျက်လုံးပြူးသွားရသည်။

"အိမ်မက်ထဲမှာ"

"😩အိမ်မက်မက်ပြန်ပြီလား"

"အေး ဒါပေမဲ့ ဒီတစ်ခါအိမ်မက်က အစစ်လိုပဲ ယံယံ့ကိုထိလို့
ရတယ် ဖက်လို့လည်းရတယ် ပြီးတော့ ယံယံကငါ့ကိုနမ်းသွား
တယ်တဲ့"

အိမ်မက်အထင်နဲ့ပျော်နေတဲ့ကိုကြီးကိုကြည့်ပြီး နန်းရတီစိတ်
မကောင်းဖြစ်ရပြန်သည်။
နန်းရတီပြောပြချင်ပါသည်။သို့သော်ယံယံကနှုတ်ပိတ်ခဲ့သည်။

"ထတော့ကိုကြီး မနက်စာအတူစားရအောင် ကိုမင်းခန့်
လည်းစောင့်နေတယ်"

"အေးအေး"

ဘာမှသေချာမသိတဲ့ကိုကြီးကိုနန်းရတီသနားနေမိသည်။

"ကိုစိုင်း!!!"

"............"

"မနက်ဖြန် နေ့လယ် စီစီ့ရုံခန်းကိုလာခဲ့ပါနော် စီစီပြောစရာရှိတယ်
ဧည့်သည်တစ်ယောက်လည်းလာမယ် ကိုစိုင်းလာဖြစ်အောင်
လာပါ"

"............"

"ကိုစိုင်း စီစီပြောနေတာကြားရဲ့လားဟင် ကိုစိုင်းမလာခဲ့ရင်
နောင်တရလိမ့်မယ် ဆက်ဆက်လာခဲ့နော် ဒီနေ့စီစီကိစ္စလေး
ရှိလို့အိမ်ပြန်မလာဖြစ်ဘူး ကိုစိုင်းလွတ်လွတ်လပ်လပ်နေပါ
စီစီသွားတော့မယ်နော်"

စိုင်းက စီစီ့ကိုကျောခိုင်းရင်း ဗီရိုထဲမှအဝတ်အစားကိုသာထုတ်
နေသည်။

Yan Yan's Oo💙Where stories live. Discover now