အပိုင်း - ၈💙

33.8K 2.6K 94
                                    

"ဟင့်အင်း မသွားဘူး ... သားရွာသာကြီးမသွားဘူး ... မေမေ မတရားဘူး ... သားမသွားချင်ဘူး အီးဟီး ..."

စိုင်းမင်းနောင်ခြံပြင်ကနေကြားလိုက်ရသည့်အသံက
ယံယံ၏သံရှည်ဆွဲပြီးငို​နေသည့်အသံ။ က​လေးငယ်ဘာများဖြစ်သလဲ စိုင်းမင်း​နောင်စိတ်ပူသွားရသည်။ ရွာသာကြီးပို့မည်ဆိုတာကိုလည်းကြားလိုက်​တော့ သူ့က​လေးငယ်ကိုရွာသာကြီးပို့ဖို့များစီစဥ်​နေ​လေသလား။ စိုင်းမင်းနောင် ဘာကိုမှ​သေချာမ​တွေး​တော့ဘဲ အလန့်တကြားနဲ့အိမ်ထဲသို့အပြေးဝင်လိုက်သည်။

"အန်တီ ဘာတွေပြောနေတာလဲ ... မပို့ရပါဘူး ယံယံ့ကိုဘာလို့ရွာသာကြီးပို့မှာလဲ ... ယံယံမှမရူးတာ အကောင်းချည်းကို မပို့ရဘူး ... အန်တီမနိုင်တော့ရင် ကျွန်တော့်အိမ်ကိုပို့ ကျွန်တော်ထိန်းမယ်"

အစမသိအဆုံးမသိနဲ့အိမ်အပြင်ကအပြေးဝင်လာပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ရွာသာကြီးမပို့ရဘူးဆိုတာချည်းပဲလို့ပြောနေသောစိုင်းမင်းနောင်ကိုကြည့်ပြီး ဒေါ်ကေသီစိုး သ​ဘောတကျရယ်မိလိုက်သည်။ စိတ်ထဲတွင်လည်းစိုင်းမင်းနောင်ကယံယံလေးကိုတော်တော်သံယောဇဉ်ရှိတာပဲလို့တွေးမိသည်။

"အန်တီ ဘာလို့ရယ်​နေရတာလဲ"

ခုဏကငို​နေသည့်က​လေးငယ်မင်း​ဝေယံကလည်း အခုအားရပါးရထိုင်ရယ်​နေသည်။ သူဘာများမှားသွား​လေသလဲ။ နားကြားများမှား​လေသလား။

"ယံယံ ဘာလို့ရယ်နေတာလဲ"

"ဦးကဘာတွေပြောနေတာလဲ ... သားတို့ပြောတဲ့ရွာသာကြီးက တက္ကသိုလ်တက်ဖို့မေမေနဲ့အငြင်းအခုန်ဖြစ်နေတာပါ"

ဖြစ်ကြောင်းကုန်စင်နားလည်သွားတော့မှ စိုင်းမင်းနောင်လည်ပင်းပွတ်လိုက်မျက်နှာပွတ်လိုက်နဲ့ရှက်နေတော့သည်။

"မသိဘူးလေဗျာ ... အန်တီအရင်ကပြောဖူးတယ်လေ ယံယံ့ကိုမနိုင်ရင် ရွာသာကြီးပို့မယ်ဆို ... အခုကြားရတော့ ကျွန်တော်လည်းလန့်သွားတာပေါ့ ... တကယ်ကြီးပို့မယ်ထင်တာပေါ့ဗျ"

"မဟုတ်ပါဘူးစိုင်းရယ် ... အန်တီက ရွာသာကြီးမှာတက်စေချင်တယ် သူကUFLမှာတက်ချင်တယ် ... ဒါကိုအငြင်းအခုန်လုပ်နေကြတာပါကွယ် ... မင်းကအစမသိအဆုံးမသိနဲ့ဝင်​ပြော​တော့ အန်တီရယ်မိတာပါ"

Yan Yan's Oo💙Where stories live. Discover now