ရင်ထဲက သစ္စာ/ရင္ထဲက သစၥာ

2.2K 31 2
                                    

<Unicode>

💖ရင်ထဲက သစ္စာ💖

"သမီးရေ...ထက်မြက်ရောက်နေတယ်"

ထက်မြက်ဆိုတဲ့ အသံကြားတာနဲ့ ဝတီ
အိမ်အပေါ်ထပ်ကနေ အပြေးတစ်ပိုင်းဆင်းလာသည်။

"ဟာ...တကယ်ကြီးပါလား...ငါက မာမီ ငါ့ကို
စနေတယ်ထင်တာ"

ဆိုဖာကိုမှီထိုင်ပြီး စားပွဲပေါ်မှာ ခြေထောက်ကို
ဆန့်တင်ထားတဲ့ ထက်မြက်ကိုကြည့်ပြီး
ဝတီ အလိုလိုပြုံးမိသွားသည်။

"အပြင်သွားမလို့...မင်းကိုလာခေါ်တာ"

"ဟာ...အေး...ခဏ...အဝတ်အစားလဲလိုက်ဦးမယ်"

"လဲမနေနဲ့...ဒီရုပ်က ဒီရုပ်ပဲ"

"နင်ဟာလေ...ငါ့ဆို ဘယ်တော့မှ
အကောင်းမပြောဘူး"

တကယ်ဆို ဝတီက အသားဖွေးဖွေးလေးနဲ့
ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။
မျက်နှာလေးက အပြစ်ကင်းစင်သလို
ကိုယ်လုံးကိုယ်ပေါက်ကလည်း
အချိုးအစားပြေပြစ်လှပသူလေးပါ။

သို့ပေမယ့် ရွာနားကမြက်ကို ရွာနွားမစားဘူး ဆိုတဲ့အတိုင်း ထက်မြက်တစ်ယောက် ငယ်ငယ်ကတည်းက
ပုခုံးဖက်ပေါင်းလာခဲ့တာကြောင့် ဝတီ့ရဲ့အလှတွေကို မမြင်နိုင်ပါ။ မြင်အောင်မကြည့်တတ်တာဆို
ပိုမှန်ပေလိမ့်မည်။

"အပိုတွေပြောမနေနဲ့...သွားမယ်"

"အင်းပါ...မာမီ...သမီး ထက်မြက်နဲ့
လိုက်သွားလိုက်ဦးမယ်"

"အေး...သမီး...အပြန်နောက်မကျနဲ့နော်"

"ဟုတ်"

တကယ်ဆို သမီးလေးကိုချစ်တဲ့စိတ်ကြောင့်သာ
ထက်မြက်နဲ့အပေါင်းအသင်းလုပ်ခွင့်ပြုထားတာပါ။ သမီးလေးအပေါ်အမြဲအနိုင်ကျင့်တဲ့ ထက်မြက်ကို
ဒေါ်မမ ဘယ်လိုမှသဘောမကျ။

ရပ်ကွက်ထဲကအတင်းတုပ်တဲ့သူတွေရဲ့ပါးစပ်ဖျားမှာ ထက်မြက်ဆိုတာ အမြဲတမ်းပါသည်။

မိဘတွေရဲ့ချမ်းသာကြွယ်ဝမှုကြောင့် ဘယ်သူ့ကိုမှ တူတူတန်တန် ဆက်ဆံတတ်တာ မဟုတ်။
ရုပ်လေးသန့်သလောက် ရည်းစားကလည်း
မှိုလိုပေါက်အောင်ပွေရှုပ်လှသည်။

ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်  Where stories live. Discover now