ရှုံးခဲ့ပေမယ့်/ရႈံးခဲ့ေပမယ့္

343 17 0
                                    

<Unicode>

*ရှုံးခဲ့ပေမယ့်*
ဝတ္ထုတို (စ/ဆုံး)

ဆေးခန်းတစ်ခုတွင် လူမမာများ စောင့်စားလျက်ရှိသည်။ ဆရာဝန်ရောက်ချိန်မှာ ညနေ ၄ နာရီဖြစ်သော်လည်း ဝေဒနာခံစားနေရသူတို့အဖို့ အမြန်ဆုံး ပြသနိုင်ရေးအတွက် ဆေးခန်းတံခါးဖွင့်ကတည်းက တုံကင်နံပါတ်ကို စောစွာယူကာ ဆေးခန်းအတွင်းမှာ ထိုင်စောင့်နေကြရခြင်း ဖြစ်သည်။

သူမကိုယ်တိုင်ကတော့ လူနာမဟုတ်ပါ။ သို့သော် သူမလည်း ဆရာဝန်နဲ့ တွေ့ရန် ရောက်လာခြင်းဖြစ်သည်။ သူမကိုင်ဆွဲထားသည့် အိတ်ထဲတွင်တော့ အသစ်ထုတ်လုပ်ထားသည့် ဆေးဝါးတချို့ ပါရှိလေသည်။

နွေငယ်ဆိုသည့် သူမဟာ ဆေးကုမ္ပဏီတစ်ခုရဲ့ မာကတ်တင်းပိုင်းမှာ တာဝန်ယူထားရသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။ ယူနီဖောင်းဝတ်ကာ လှလှပပ ခြယ်သထားသည့် သူမရဲ့ နေ့စဥ်ဘဝက အစဥ်အမြဲ သာယာနေခဲ့သည်တော့ မဟုတ်။

ဆေးဝါးများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သတ်မှတ်ထားသည့် အရေအတွက်ကို အပြတ်ရောင်းထွက်နိုင်အောင် ကြိုးစားရသည်မှာ တစ်ခါတစ်လေ စိတ်ဖိစီးရသည်။ သူများဝန်ထမ်းတွေရဲ့ ရုံးဆင်းချိန်တွေဟာ ပုံမှန်ဖြစ်တတ်ပေမယ့် သူမတို့အတွက်တော့ တစ်လမှာ ၁၅ ရက်လောက်က အိမ်ပြန်နောက်ကျတတ်သည်။

အခုလည်း ညနေ ၄ နာရီထိုးပေမယ့် ဆေးခန်းထိုင်မည့် ဆရာဝန်မှာ ရောက်မလာသေး။ ဒီဆေးခန်းပြီးရင် နောက်ထပ် ဆေးဆိုင်တစ်ခုကို ဝင်ဖို့ ဆုံးဖြတ်ထားသည်မို့ ဒီနေ့အဖို့ အိမ်ပြန်နောက်ကျရဦးမှာပါပဲ။

ထိုစဥ် ဆေးခန်းအတွင်းသို့ လူ ၂ ယောက် ထပ်ဝင်လာသည်။ ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်...။ အဝါရောင်တီရှပ်ဆင်တူကို ဝတ်ထားပုံထောက်ရင် စုံတွဲတွေထင်ပါရဲ့။

"ဘေဘီ...ရလား၊ အတော်နာသွားလား"

"အင်း၊ အဆစ်လွဲသွားလား မသိဘူး"

"ကျိုးများ သွားတာလား"

"ဟာ..ကိုကို...ဘေဘီ့ကို ကျိုးစေချင်နေတာလား"

ကောင်လေးက ကောင်မလေးရဲ့ ခြေကျင်းဝတ်ကို ခပ်ဖွဖွကိုင်ရင်း စနောက်တော့ ကောင်မလေးက ငိုမဲ့မဲ့ဖြစ်လာကာ ရန်တွေ့သည်။ သူတို့ ၂ ဦးကို ဆေးခန်းထဲမှ လူများက ခဏတာ အာရုံစိုက်မိသွားကြသည်။

ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်  Where stories live. Discover now