တည်မြဲသော နိယာမ/တည္ၿမဲေသာ နိယာမ

215 10 0
                                    

<Unicode>

*တည်မြဲသော နိယာမ*
ဝတ္ထုတို (စ/ဆုံး)

"အနိစ္စ ဒုက္ခ အနတ္တ" ဆိုတာကို ဖွားဖွားနှုတ်မှ မကြာခဏ ကြားဖူးပါသည်။ ကျွန်တော်ငယ်စဥ်ကတည်းက ဖွားဖွားလက်ပေါ်မှာသာ နေခဲ့ရသည်က များတော့ ဖွားဖွားရဲ့အာဘော်ကိုလည်း အတော်လေး ရင်းနှီးနေခဲ့ပါပြီ။

"လောကကြီးမှာ တည်မြဲတာဆိုလို့ သေခြင်းတရားပဲရှိတယ်ကွဲ့" ဟုလည်း မကြာခဏဆိုသလို ပြောတတ်သေးသည်။

ဖွားဖွားက မနက်အိပ်ရာနိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး ဘုရားရှိခိုးခြင်းကို ပြုသည်။ ပရိတ်ရွတ်သည်။ အမျှဝေသည်။ ထိုကိစ္စတို့ ပြီးစီးမှသာ အခြားပြုစရာတို့ကို လုပ်ကိုင်လေ့ရှိသည်။

ဖွားဖွားကိုကြည့်ရသည်မှာ အေးချမ်းသည်ဟု ကျွန်တော် ထင်မိသည်။ အိမ်မှုကိစ္စအဝဝကို ဒိုင်ခံလုပ်ပေမယ့် ဖွားဖွားနှုတ်မှ တစ်ခါမှ ညည်းညူသည့်စကား မထွက်ဖူး။ မိန်းမသားပေမို့ တစ်ခါတစ်ရံ ဗျစ်တောက်ဗျစ်တောက် ပြောတတ်သည်မှလွဲရင် ဖွားဖွားဟာ အနေအေးသည့်ထဲ ပါသည်ဟု ဆိုရမည်။

ကျွန်တော် ကျောင်းပိတ်ရက်တိုင်း ဖွားဖွားအိမ်သို့ အလည်သွားလေ့ရှိသည်။ ဖွားဖွားအိမ်ရောက်သည့်နေ့ဟာ ကျွန်တော့်အတွက် ဝမ်းစည်းစိမ်ကို အပြည့်အဝ စံစားရသည့်နေ့ပင်။ ကျွန်တော်က နဂိုကတည်းက အစားမရွေးသူဖြစ်ရကား အစားအသောက် ပေါများသည့် ဖွားဖွား၏အိမ်သည် ကျွန်တော့်အတွက်တော့ ရတနာကျွန်းကြီးတစ်ခုသဖွယ် ဖြစ်နေပေသည်။

နေ့ခင်းဘက်ဆို ဖွားဖွားနဲ့ကျွန်တော် ရောက်တတ်ရာရာကို စကားစမြည် ပြောတတ်ကြသည်။ ကျောင်းမှာကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ရပ်ကွက်ထဲက သတင်းတွေ၊ ကြားဖူးနားဝလေးတွေ စသည်တို့ကို အကြောင်းပြု၍ ပြောဖြစ်သည်က များသည်။ သို့သော် အဓိက ပြောသူက ဖွားဖွားဖြစ်ပြီး ကျွန်တော်က ဖွားဖွားပြောသမျှကို နားထောင်ပေးလေ့ရှိသည်။

အခုလည်း နေ့ခင်းဘက် တီဗီလေးကြည့်ရင်း ဇာတ်လမ်းထဲမှအကြောင်းအရာတချို့နှင့် ပတ်သက်၍ စကားပြောဖြစ်ကြသည်။

ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်  Where stories live. Discover now