Fight - 2

2.1K 310 43
                                    

" ဟဲ့.....ဒါကဘာဖြစ်​လာရပြန်​တာလဲ "

အိမ်​ထဲ​ဆောင့်​​အောင့်​ဝင်​လာ​သောဆယ်​ဟွန်းကို
မားမား​အော်​​မေး​နေသည်​ကိုလည်းမ​ဖြေနိုင်​.....
ဧည့်​ခန်းဆိုဖာတွင်​​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​သည်​....

မျက်​နှာသည်​လည်း​ဒေါသ​ကြောင့်​နီရဲကာ
ရှစ်​​ခေါက်​ချိုး​လောက်​ဖြစ်​​နေ​လောက်​သည်​.....

" ဘာဖြစ်​ရမလဲမားမားရယ်​.....မားမားရဲ့သား
အ​ကြောင်းမသိတာလဲ မဟုတ်​ဘဲနဲ့......
သူ့ရဲ့ကိုကို ချန်း​ယောလ်​နဲ့ရန်​ဖြစ်​လာမှာ​ပေါ့.... "

အသီးပန်းကန်​ကိုင်​လျက်​ဧည့်​ခန်းသို့
ရောက်​လာ​သောအမဖြစ်​သူရဲ့အ​ပြော​ကြောင့်
မျက်​နှာကိုပိုဆူပုတ်​ထားလိုက်​သည်​......

" ဖြစ်​ကြပြန်​ပြီလား......ပြန်​တည့်​တာမှ
နှစ်​ရက်​မပြည့်​ကြ​သေးဘူး​လေ.........
ဒီတစ်​ခါက​ရောဘာဖြစ်​ရပြန်​ပြီလဲ........
အိုဆယ်​ဟွန်း....မားမား​ပြောထားတယ်​​နော်​...
ချန်း​လေးကိုအရမ်းအနိုင်​မယူဖို့......သားကို
ချစ်​လွန်းလို့ အလိုလိုက်​ထား​ပေမယ့်​လည်း
အရမ်းမဆိုးရဘူး​လေ......ရန်​ဖြစ်​တိုင်းသားက
အမြဲပြဿနာစရှာတာကြီးပဲ.....အ​မ​လေး.....
အခုချိန်​ဆိုမင်​ယောင်းတစ်​​ယောက်​​သွေးတိုးပြီး
အိပ်​ရာထဲလဲ​နေ​လောက်​ပြီ..... "

မာတာမိခင်​ရဲ့စကား​ကြောင့်​မျက်​​မှောင်​က
အလိုလိုကြုတ်​ပြီးသား.......
ဘယ့်​နှယ့်​သားဘက်​လိုက်​မယ်​မရှိဘူး.....
ကိုယ့်​အပြစ်​ဘဲဖြစ်​ရ​သေး......ဟွင့်​......

" အဲ့ဒါဘဲ.....မားမားတို့က ဆယ်​ဟွန်း
အော်​တာပဲကြားကြတာ......အဲ့လူကြီး
အနိုင်​ကျင့်​​နေတာကိုသိကြတာမဟုတ်​ဘူး....
ဘာမှလာမ​ပြောနဲ့မားမားရာ......သူနဲ့သား
ဘာမှမဆိုင်​​တော့ဘူး........ "

မမယူလာ​သောပန်းသီးတစ်​စိတ်​အား
ပါးစပ်​ထဲထည့်​ရင်း​ပြောလိုက်​သည်​.....

" ဒီတစ်​ခါတကယ်​ပြတ်​ပြီနှင့်
စောင့်​ပိုစကားများ.....အင်း........
အဲ့စာအုပ်​​လေးမဆိုးဘူးပဲ........ "

" မမ​နော်​........ "

မမရဲ့ခပ်​​ထေ့​ထေ့စကား​ကြောင့်
လူကအလိုလိုနှုတ်​ခမ်းကြီးဆူပြီးသား......

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now