Fight - 6

1.6K 212 49
                                    

" ​ပြော.....ကိုကိုရာ.....ဒီမှာ
ဂိမ်း​ဆော့​နေတာကို........ "

အိပ်​ရာထဲမအိပ်​​သေးဘဲ
ဂိမ်း​ဆော့​နေတုန်းဖုန်း​တွေအဆက်​မပြတ်
ခေါ်​နေတဲ့ကိုကို့​ကြောင့်​စိတ်​တိုလာပါပြီ။

" ​နောက်​ကျ​နေတာကိုမအိပ်​​သေးဘူးလား။
Online ဖြစ်​​နေတာ​တွေ့လို့ဖုန်းဆက်​လိုက်​တာ။ "

" ဟုတ်​တယ်​.....ဂိမ်း​ဆော့​နေတာ.....
အ​ရေးကြီးတာ​ပြောစရာမရှိရင်​လည်း
ဖုန်းချလိုက်​​တော့ကိုကိုရာ။ ဒီမှာဆက်​​ဆော့ဦးမယ်​။ "

တီခနဲကျသွားတဲ့ဖုန်းသံ​ကြောင့်
ချန်း​ယောလ်​မှာ​ကြောင်​အလျက်​။

" အခုဂိမ်း​ဆော့​နေတယ်​ဆိုပြီး ငါ့ဖုန်းကို
ချလိုက်​တာလား။ ဒင်း​လေးက​တော့...... "

ချန်း​ယောလ်​တစ်​​ယောက်​စိတ်​​ကောက်​သွားသည်​ကို
ဂိမ်း​ဆော့​နေတဲ့ဆယ်​ဟွန်းက​တော့မသိလိုက်​​ချေ။

" မားမား​ရေ......... "

တစ်​ဖက်​ခြံထဲအသံကျယ်​ကြီးဖြင့်​ဝင်​သွား​သော
ဆယ်​ဟွန်း........

" ဟင်​......သားငယ်​​လေး.....ဒီ​နေ့​ကျောင်း
မတက်​ရဘူးလား။ "

" တက်​ရမှာ​လေ မားမားရဲ့။ အဲ့ဒါကိုကို့ကို
ကျောင်းအတူသွားဖို့လာ​ခေါ်တာ။ အိပ်​​နေတုန်းလား "

မားမားကိုဖက်​လို့ချွဲကာ​ပြောလိုက်​သည်​။

" အယ်​.....သားကိုကိုကအ​စောကြီးသွားပြီ​လေ။
သားကိုလာမ​ခေါ်​ဘူးလား။ "

" ဗျာ.....တကယ်​ထွက်​သွားပြီလား။
ဖုန်းလည်းမဆက်​ဘူး။ "

ပတ်​ခ်​ချန်း​ယောလ်......ဘဲကြီးက​တော့
နာချင်​​နေပြီနဲ့တူတယ်​။

မျက်​ခုံးတန်းတို့တွန့်​ချိုးလျက်​အလိုမကျ​သော
မျက်​နှာ​ကြောင့်​မားမားစိတ်​ညစ်​ပါပြီ။

" အဲ့ဒါဆိုသားသွား​တော့မယ်​ မားမား​ရေ "

ဒေါသတကြီး​ပြေးထွက်​သွားတဲ့ဆယ်​ဟွန်းကို
ကြည့်​ရင်း သူမ​ခေါင်းကိုသာတွင်​တွင်​ခါမိသည်​။

LOVE FIGHT [ ChanHun OTP ]Dove le storie prendono vita. Scoprilo ora