Fight - 15

1.7K 216 36
                                    

" ဟွန်း​ရေ........ "

ဘူဆန်​ကပြန်​​ရောက်​လာတဲ့ချန်း​ယောလ်​ဟာ
ရောက်​​ရောက်​ချင်းပင်​ဂျစ်​တူး​လေးကိုလာ​ချော့ရသည်​။

ဖုန်းကိုချပစ်​သည်​ဆို​သောသ​​ဘောဟာ
စိတ်​​ကောက်​​နေပါပြီဆို​သောအချက်​ပြခြင်းပင်​။

" ​ဟော......ချန်း​လေး ပြန်​လာပြီလား......
ဖွားဖွားတို့​ရော​နေ​ကောင်းကြရဲ့လား....... "

" ဟုတ်​ကဲ့......​ကောင်းတယ်​ မားမား......
မားမားတို့ကို​တောင်​​မေး​နေ​သေးတယ်​.......
မ​တွေ့ရတာကြာလို့တဲ့........ "

" ​အေးကွယ်​......မားမားတို့လည်းဆိုးလ်​ကို
ပြောင်းလာပြီးကတည်းက ဘူဆန်​ကိုမ​ရောက်
ဖြစ်​တာ​တော်​​တော်​ကြာ​နေပြီ........ "

စကား​ကောင်း​နေတဲ့မားမားပါပဲ......
ချန်း​ယောလ်​​လေးကဂျစ်​တူးကို​ချော့ရဦးမှာပါ။

" ဟုတ်​ကဲ့......မားမား.......ဒါနဲ့....... "

" နင့်​ဟာ​လေးကနင့်​ကိုစိတ်​​ကောက်​ရင်း
ထမင်း​တောင်​မစားပဲအိမ်​​ပေါ်တက်​သွားတာ.... "

ချန်း​ယောလ်​စကားအသွားအလာကိုသိ​နေတဲ့
ဆယ်​ယွန်းဟာမီးဖိုခန်းမှထွက်​လာရင်း​ပြောလာသည်​။

တကယ်​ကိုချန်း​ယောလ်​သူငယ်​ချင်းပါပဲ.......

" ဟီး....... "

ဆယ်​ယွန်းကိုမျက်​နှာအဖြီးသားဖြင့်​ရယ်​ပြမိသည်​။

" မျက်​နှာကြီးဖြီးပြမ​နေနဲ့.......နင်​ဒီကိုလာကတည်းက
နင့်​ဂျစ်​တူးကိုလာ​ချော့တာမှန်းသိပြီးသား........ "

" ကဲပါ ဆယ်​ယွန်း​ရေ......ချန်း​လေးကိုစမ​နေ
ပါနဲ့​တော့........တက်​သွားလိုက်​သား​ရေ......
ဂျစ်​တူး​ကောင်​ကသားကိုစိတ်​​ကောက်​​နေတယ်​ "

" ဟုတ်​ကဲ့ မားမား​ရေ........ "

မားမားကိုစကား​ပြောပြီးဆယ်​ယွန်းကို​ပြောင်​ပြလို့
ချစ်​သူရှိရာအိမ်​​ပေါ်ထပ်​ကိုတက်​သွားလိုက်​သည်​။

အခန်း​ရှေ့​ရောက်​သည်​နှင့်​မျက်​နှာပိုးသတ်​လို့
တံခါး​ခေါက်​ရ​တော့သည်​။

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now