Fight - 13

1.5K 224 55
                                    

" အား!!!! ​ခေါင်း​တွေကိုက်​လိုက်​တာ "

လက်​နှစ်​ဖက်​ကို​ခေါင်း​ပေါ်ဖိကိုင်​လို့
အိပ်​ရာထလာတဲ့ဆယ်​ဟွန်း.........

ခေါင်းကိုတဗျင်းဗျင်းနဲ့ကုတ်​​နေပြန်​သည်​။
မျက်​လုံးဆိုပွင့်​ကိုမပွင့်​​သေး.......

" ဟွန်း.......နိုးရင်​လည်းထ​တော့.......
ကျောင်းသွားဖို့​နောက်​ကျ​နေလိမ့်​မယ်​...... "

ရေချိုးခန်းထဲကထွက်​လာတဲ့ချန်း​ယောလ်
ကုတင်​​ပေါ်မှာမျက်​လုံးကြီးပိတ်​ပြီးငုတ်​တုတ်
ထိုင်​​နေတဲ့ချစ်​ရသူ​လေးကို​ခေါင်းသုတ်​​နေရင်းမှကြည့်​မိသည်​။

" အင်း......ကိုကိုက​ရေ​တောင်​ချိုးပြီးသွားပြီလား.....
ခေါင်း​တွေမူးလို့ ဟွန်းကိုချီပါဦး........ "

လက်​နှစ်​ဖက်​​မြှောက်​လို့ ချီပါ​ပြော​နေတဲ့
အချစ်​က​လေးကို​ဂျိုင်း​အောက်​မှမချီ​တော့
ခါးကိုခွလာတဲ့​ခြေ​ထောက်​နှစ်​​ချောင်း......

" အမ​လေး......ဂျစ်​တူး​လေး........ကိုကို့ကို
ဂျစ်​တိုက်​ရတာ​တော်​​တော်​မှ​ပျော်​ရဲ့လား...... "

ရေစက်​လက်​နဲ့ပခုံး​ပေါ်အတင်းတိုး​ဝှေ့ ​နေပြန်​တဲ့
ဆယ်​ဟွန်းဟာကိုယ့်​အန္တရာယ်​ကိုမသိ​ပေ။

ချန်း​ယောလ်​​လေးဘယ်​​လောက်​​တောင်
ထိန်းချုပ်​ထားရတယ်​ထင်​သလဲ။

" ကိုကို​နော်​......​နောက်​တစ်​ခါဟွန်းကိုအခုလိုမျိုး
တအားကြီးမစိမ်းကားရဘူး​နော်​........ဟွန်းမှာ
ဘယ်​​လောက်​​တောင်​စိတ်​မ​ကောင်းဖြစ်​သွားလဲ
သိရဲ့လား......ငိုလိုက်​ရတာ​ပြောမ​နေနဲ့....... "

" အာ့...... "

ပြော​နေရင်းမှပင်​စိတ်​တိုသွားပုံရ​သောအချစ်​က​လေး
သည်​မျက်​နှာအပ်​ထား​သောပခုံးကိုအားပြင်းပြင်းနှင့်
ကိုက်​လာသည်​မို့အသံထွက်​ကာ​အော်​မိပြန်​သည်​။

စိတ်​ပြန်​​ကောက်​​နေပြန်​တဲ့အချစ်​က​လေးဟာ
ဘေစင်​​ပေါ်တင်​​ပေးသည့်​တိုင်​နှုတ်​ခမ်းကြီး
စူကာမျက်​နှာလွှဲထားပြန်​သည်​။

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now