Fight - 16

1.3K 151 12
                                    

" ဘာလီ!!!!! "

" ပတ္တရား!!!! "

" ဘာလီပဲသွားချင်​တာလို့​ပြော​နေတယ်​​နော်​...... "

ဆယ်​ဟွန်းနဲ့ချန်း​ယောလ်​ရဲ့​ရှေးမူမပျက်​ရန်​ဖြစ်​သံ
ဆူညံညံဖြစ်​​တော့သည်​။

စာ​မေးပွဲပြီးတာနဲ့ခရီးထွက်​မည်​ဆိုကာတိုင်​ပင်
ကြရာကရန်​ဖြစ်​တဲ့ဘူတာကို​နောက်​တဖန်
ပြန်​ဆိုက်​ကြပြန်​သည်​​ပေါ့​နော်​။

ဆယ်​ဟွန်းကဘာလီ......ချန်း​ယောလ်​ကပတ္တရား
ဆိုကာတစ်​​ယောက်​တစ်​​ပေါက်​နှင့်​​အော်​ဟစ်​​နေကြ​လေရဲ့။

" ​အေး.......ငါကလည်း​သေချာစဉ်းစားထားတာ.....
ပတ္တရားမှမဟုတ်​ရင်​ဘယ်​မှမသွားဘူး....... "

ချန်း​ယောလ်​ရဲ့ခပ်​ပြတ်​ပြတ်​စကားသံထွက်​လာ​တော့
ဆယ်​ဟွန်းမျက်​နှာမဲ့ရွဲ့​နေ​လေရဲ့။

" သွား​လေ.....သွား​ပေါ့......တစ်​​ယောက်​တည်း
သွားတာပဲကြိုက်​သ​လောက်​သွား........ "

" မင်းမရစ်​နဲ့​နော်​........အ​စောကြီးထဲက
ငါစီစဉ်​တဲ့ခရီး​လေ.......ငါ့ပိုက်​ဆံနဲ့သွားမှာ​လေ....
ငါကြိုက်​တဲ့​နေရာပဲငါသွားမှာ​ပေါ့........ "

မရိုးနိုင်​တဲ့ရန်​ဖြစ်​သံများဖြင့်​အိုအိမ်​​တော်​ရဲ့
ဧည့်​ခန်းကြီးဟာဆူညံ​နေသတဲ့။

စားပွဲ​ပေါ်တွင်​လည်းခရီးသွားလမ်းညွှန်​စာရွက်
တို့ဖြင့်​ရှုပ်​ပွ​နေ​တော့သည်​။

" ​အော်​......ခင်​ဗျားပိုက်​ဆံနဲ့မို့ခင်​ဗျားကြိုက်​တဲ့
နေရာသွားမယ်​​ပေါ့​လေ.......သွား​လေ....သွား​ပေါ့....
တစ်​​ယောက်​တည်းသွား........ "

" ဟွန်းရာ......နှစ်​​ယောက်​အတူသွားဖို့အ​စောကြီး
ထဲကစီစဉ်​ထားတာ​လေကွာ.......​နော်​.......
ပတ္တရားကိုပဲသွားကြရ​အောင်​....... "

အတည်​ကိုစိတ်​ဆိုး​နေပုံရတဲ့ဆယ်​ဟွန်း​ကြောင့်
ချန်း​ယောလ်​ကပင်​တစ်​ထစ်​​လျှော့လို့ပြန်​​ချော့ရသည်​။

" ကိုကိုကလည်းကွာ......ဟွန်းကဘာလီကိုပဲ
သွားချင်​တာပါဆို........ "

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now