Fight - 7

1.5K 199 48
                                    

" ရား.....​ဗြောင်​ဘတ်​ခ်​ဟျွန်း!!!
ဘာဖြစ်​​နေတာလဲဟ............ "

အမြဲလိုလိုအခွက်​ဖြီး​နေတတ်​​သောအ​ကောင်​က
လင်းတမှိုင်​ မှိုင်​​နေသည်​မို့​ ဆယ်​ဟွန်း​လေး
မေးမြန်းရပြီ​လေ။

" အယ်​.....တကယ်​ကြီးငို​နေတာဟ.......
ရား.......ဘာဖြစ်​​နေတာလဲလို့......... "

မျက်​ရည်​​တွေပါကျ​နေသည်​မို့ဆယ်​ဟွန်း​လေး
စိတ်​ပူသွားပါပြီ။

ဘယ်​လိုပင်​မတည့်​ကြဘဲ စကားနာ
အမြဲထိုး​နေပါ​စေ.....သူငယ်​ချင်း​တွေ
မဟုတ်​လား။

အ​ချောကြီး အိုဆယ်​ဟွန်းဟာရုပ်​​ချောသလို
သ​ဘောကလည်းအင်​မတန်​​ကောင်းသူမို့
သူငယ်​ချင်းကိုအရမ်းချစ်​ပါတယ်​။

" ဘတ်​ခ်​ဟျွန်းရား........ "

ဒီအ​ကောင်​က​တော့သ​ဘော​ကောင်းချင်​တဲ့
စိတ်​​လေးကိုမီးလာရှို့ ​နေတယ်​။

ခေါ်​နေတာ​သေ​တော့မယ်​။

" ရား!!!! "

ဘုန်း!!!!

" အာ့......ရား!!! "

ကျောပြင်​ကိုဘုန်းခနဲ​နေ​အောင်​ထုချပလိုက်​သည်​။

အိုဆယ်​ဟွန်းသည်​ ရုပ်​​ချော​ပေမယ့်
စိတ်​​တော့မရှည်​ပါဘူး​နော်​။

မေးမရ မြန်းမရဖြစ်​​နေတဲ့အ​ကောင်​ကို
ဒေါသ​တွေထွက်​လာပါပြီ​နော်​။

" ​ငုံးမို့လို့ လာထုတာလား ​သေနာ​ကောင်​ရဲ့ "

" မင်းက​ရောငုံးမို့လို့ ငါ​မေး​နေတာကိုမ​ဖြေတာလား။ "

ဟုတ်​တယ်​​လေ။ သူကလည်းမှား​သေး။

" မင်းကဘာ​မေး​နေလို့လဲ။ "

" ​အေး......​ကောင်းတယ်​။ သိပ်​​ကောင်းတယ်​။
မင်းအလုံးက အရည်​​တွေကျ​နေလို့ဘာဖြစ်​လို့လဲလို့
ငါ​မေး​နေတာ ကိုကိုနဲ့ကငါသာယူပြီးသွားရင်
က​လေးတစ်​ဒါဇင်​​မွေးပြီးသွား​လောက်​ပြီ။ "

" ဖြစ်​ရတယ်​။ ကိုယ့်​ဘာသာဖီးလ်​​နေတာကို
လာရှုပ်​တာဘယ်​အ​ကောင်​လဲ။ "

LOVE FIGHT [ ChanHun OTP ]Where stories live. Discover now